သရုပ်ဆောင်မင်းရာဇာနှင့် ဇနီး အပါအဝင် မန်နေဂျာတို့ ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်၅ နှစ်စီချ

အိမ်အကူကို နှိပ်စက်မှု ဖြင့်ဖမ်းဆီးခံထားရတဲ့ ရုပ်ရှင်သရုပ်ဆောင် မင်းရာဇာနှင့် ဇနီးအပါဝင်မန်နေဂျာ ဖြစ်သူတို့ ကို တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ်၅ နှစ်စီချလိုက်ပြီလို့ ယင်းအမှုမှာ အိမ်အကူ အမျိုးသမီးဘက်ကနေ လိုက်ပါကူညီပေးနေတဲ့ ဒေါ်နော်အုန်းလှက ပြောပါတယ်။

ဒေါ်နော်အုန်းလှက “ကျမတို့ အမျိုးသမီးအဖွဲ့က နစ်နာသူမိန်းခလေးဘက်မှ အကူအညီပေးနေ တဲ့ မင်းရာဇာအမှု မှ အမှုတစ်ခုကို အမိန့်ချလိုက်ပါပြီ။
ပုဒ်မ (၃၂၆) အပြင်းအထန်နာကျင်စေမှုနဲ့ မြောက်ဥက္ကလာပတရာရုံးကနေ မင်းရာဇာ၄င်း၏အမျိုးသမီးဖြစ်သူ ဖူးငုံပွင့် နှင့် မင်းရာဇာမန်နေဂျာဖြစ်သူ အောင်လွင်စိုး (ခ) ရခိုင်လေး တို့ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၅) နှစ်ချလိုက်ပါတယ်။
မင်းရာဇာကတော့ သက်ငယ်မုဒိမ်းမှု ဖြစ်စွဲဆိုခံထားရတဲ့ အမှုကတော့ ခရိုင်တရားရုံးမှာဆက်လက်ရင်ဆိုင်ဆဲဖြစ်ပါတယ်။၂၀၂၀ ခုနှစ်ကတည်းက ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့အမှုများဖြစ်ပါတယ်။ အမှုရင်ဆိုင်နေရင်း ၂၀၂၁ တွင် အမှုများပိတ်သိမ်းစဥ်က ၄င်းအမှုကို မပိတ်သိမ်းသင့်ကြောင်း ပြန်လည်လျှောက်ထားခဲ့ပြီး တရားရုံးက လက်ခံခဲ့ကာ အစမှပြန်လည်စစ်ဆေးခဲ့သောအမှုဖြစ်ပါတယ်”လို့ ပြောကြားထားပါတယ်။