ဝါးရွက်မြေဆွေးများပြုလုပ်အသုံးချခြင်းနှင့် အကျိုးပြုမှုများ

အော်ဂဲနစ်မြေသြဇာ အရွက်မြေဆွေး (ဝါးရွက်)များသည် အေအမ်အက်ဖ် ထိုးသွင်းထားသည့် ကြီးထွားမီဒီယာတွင် ဖြည့်စွက်အသုံးပြုခြင်းဖြင့် စတီဗီယားပင်၏ ကလိုရိုဖီးနှင့် အပင်အမြင့်တိုးစေသည်။ 

အပင်အကျိုးပြု ဇီဝကမ္မဖြစ်စဥ်

မီးဖိုချောင်သုံး အကြွင်းအကျန်များ၊ အသုံးပြုသောဝါးရွက်၊ မြေဆွေးတွင်ပါဝင်သော နိုက်ထရိုဂျင်အပါအဝင် အာဟာရဓာတ်များသည် စတီဗီယားပင်အတွက် ကြီးထွားဇီဝနှိုးဆွသတ္တိ (Plant growth stimulant) ရှိသည်။

မြင်ဝါးရွက် မြေဆွေးပြုလုပ်နည်း (မြမြ 2020)

အီးအမ်ဖျော်ရည်ဖျန်းခြင်း

မြင်ဝါးပင် Oxytenanthera abyssinica (Oxytenanthera hosseusii ၏အရွက်အမှိုက်တွင် အာဟာရဓာတ်၊ ကာဗွန် နှင့် လစ်နင်ပါဝင်မှု)

မြင်ဝါးရွက်ခြောက်များ အကျိုးပြုမှုနှင့်ကန့်သတ်ချက်များ 

၁။ ဝါးရွက်ခြောက်များသည် အကျိုးပြုအဏုဇီဝသက်ရှိ ထည့်သည်ဖြစ်စေ မထည့်သည်ဖြစ်စေ ဆွေးနိုင်သည်။ သိုသော် ၆ လ အချိန်ယူရသည်။ ကောင်စွာဆွေးမြည့်ရန်လိုသည်။ နီးစပ်သော အပင်များအပေါ် ကြီးထွားမှုဟန့်တားသော အရည်အချင်းရှိသည်။

၂ ။ ဝါးရွက်ခြောက်များ၏ ကာဗွန်/နိုက်ထရိုဂျင်အချိုးသည် (>20 ရှိ) အကျိုးပြုအဏုဇီဝသက်ရှိများ ပုံမှန်လှုပ်ရှားမှုအတွက် မြင့်လွန်းသည်။ ကာဗွန်/နိုက်ထရိုဂျင်အချိုး ထိန်းညှိရန် ဂျုံ၊ ဖွဲကြမ်း သုံးသည်။ ဆန်၊ ဖွဲကြမ်း လည်းသုံးနိုင်သည်။

၃။ ဝါးရွက်ခြောက်အကြွင်းအကျန်များသည် ထုထည်များခြင်း၊ အီးစီများခြင်း၊ လေဟာနယ်မြင့်ခြင်း၊ မြေဆွေးအဆင့်တွင် ပီအိပ်ချ်နည်းခြင်းတို့ကြောင့် အသုံးချရန် သတ်မှတ်လိုအပ်ချက်များ ရှိနေသည်။

၄။ ဝါးရွက်ခြောက်အကြွင်းအကျန်များ၏ ဆွေးမြည့်အဆင့်ကာလ ၁၈ ရက်အတွင်းတွင် အကောင်းဆုံးအပူချိန် (62°C in 18 days ) ရရန်လိုအပ်သည်။ သို့ဖြစ်၍ အကျိုးပြုအဏုဇီဝသက်ရှိ အီးအမ်ဖျော်ရည်တွင် ဂျုံ/ဆန် ဖွဲကြမ်း (သို့မဟုတ်) တန်ဖိုးနည်းအပင်ဇီဝနှိုးဆွ သက်ရှိ/သက်မဲ့အရင်းအမြစ်များပါသော မီးဖိုချောင် ဟင်းသီးဟင်းရွက် ခွံများ၊ ထမင်းရည်၊ ဆန်ဆေးရည်များပါသော မီးဖိုချောင်အကြွင်းအကျန်များသုံးပါလျှင် အရည်အသွေး တက်လာသည် (မှတ်ချက် အကြွင်းအကျန်များကို ညသိပ်စိမ်ပြီးမှသုံးပါက ပိုကောင်းသည်။ မှိုစိမ်းများ ပါသော ညသိပ်ထမင်းကျန်၊ ထမင်းရည်၊ ဆန်ဆေးရည်များထဲတွင် အကျိုးပြု အဏုဇီဝသက်ရှိများပွားလာသော ကြောင့်ဖြစ်သည်)။

၅။ ဝါးရွက်ခြောက်များကို မြေဖုံးရန်သုံးနိုင်သည်။

၆။ မြေဆွေးကို ဟင်းသီးဟင်းရွက်ပင်များ ကြီးထွားမီဒီယာအတွက် တန်ဖိုးမြင့်သောခဲမြေ (Peat soil)  တွင် တန်ဖိုးနည်းပြီး ဂေဟမိတ်ဖက်အဖြစ် ဝါးရွက်မြေဆွေးကို အစားထိုးနိုင်သည် (Akoto et al.,2022)၊၊

ကိုးကား

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

“အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်”