တနင်္သာရီမြို့နယ်မှာ မိုင်းဆွဲခံရပြီး တပ်မတော်တပ်ဖွဲ့ဝင် ၉ ဦးသေဆုံးသည့် သတင်းအမှား

Mizzima – News in Burmese မှ မတ်လ ၁၀ ရက်နေ့က တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွန်ကျေးရွာအုပ်စုရှိ ကမ်းတိုကျေးရွာအနီးတွင် တပ်မတော် ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်မတော်သား ၉ ဦးသေဆုံးကာ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရေးသားထားတာကို လူမှုကွန်ရက်ပေါ်တွင်တွေ့ရှိခဲ့ရပါတယ်။
ဒီသတင်းအား စိစစ်ရာတွင် >>> မတ်လ ၁၀ ရက်နေ့က မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ကမ်းတိုကျေးရွာအနီးတွင် PDF များမှ တပ်မတော်ယာဉ်တန်းကို ချောင်းမြောင်းတိုက်ခိုက် မိုင်းဆွဲခဲ့သော်လည်း တပ်မတော်တပ်များအနေဖြင့် ထိခိုက်ပျက်ဆီးမှု မရှိခဲ့ကြောင်း ဒေသတွင်း သတင်းများအရသိရှိရပါတယ်။ ဖြစ်စဉ်အမှန်မရေးဘဲ Mizzima – News in Burmese မှ သတင်းအမြတ်ထုတ်ကာ ၉ဦး သေပြီး ၂၀ ဦးထက်မနည်းဒဏ်ရာရတယ်လို တပ်မတော်ကို အပုတ်ချရေးသားထားခြင်းဖြစ်ပါသည်။
False-News
FACT CHECK
https://t.me/factcheckmm