မင်းသမီး ကိတ်ဝင်းစလက်ကို ရေနေဂြိုလ်သားအဖြစ် မြင်တွေ့ရတော့မယ်

ပရိသတ်တွေ ကာလကြာရှည် စောင့်မျှော်ခဲ့ရတဲ့ Avatar ဇာတ်လမ်းအသစ် “The Way of Water” မှာ တိုက်တန်းနစ် ရုပ်ရှင်ကြယ်ပွင့် ကမ္ဘာကျော်မင်းသမီးကြီး ကိတ်ဝင်းစလက်ကို ရေနေဂြိုဟ်သား အမျိုးသမီးတစ်ဦးအဖြစ် မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

ကိတ် ဟာ တိုက်တန်းနစ်ရုပ်ရှင်ကားကြီးကို ဖြတ်ကျော်ပြီး နိုင်ငံတကာမှာ တတိယမြောက် ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်လာနိုင်မယ့် “The Way of Water” မှာ ရေနေဂြိုဟ်သား နာဗီ အကြီးအကဲရဲ့ ဇနီး ရော်နယ် အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

“The Way of Water” နဲ့ ပတ်သက်ပြီး Avatar ရဲ့ visual effects အထူးပြုလုပ်ချက်ဆိုင်ရာ အကြီးအကဲ အဲရစ်ဆိုင်ဒန် က Avator 2 ဟာ Avator 1 နဲ့ ကွဲပြားမယ်လို့ ယူဆရပါတယ် လို့ ပြောကြားခဲ့ပါတယ်။

“ကိတ်မှာ ဆံပင်နဲ့ မျက်နှာ စသဖြင့် ထူးခြားတဲ့၊ ဇာတ်ကောင်စရိုက်နဲ့ တူတဲ့အရာတွေ အများကြီးရှိပါတယ်။ သူမရဲ့အပေါ်သွားတွေနဲ့ နှုတ်ခမ်းကို တင်းတင်းကျပ်ကျပ် ဖိကပ်ထားပုံတွေဟာ ပထမဆုံးအကြိမ်ကြည့်ရင် သတိမထားမိနိုင်ပေမယ့် ဇာတ်ကားကို တကယ်နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သူမရဲ့ဇာတ်ကောင်ကို အသက်ဝင်စေမယ့် ပရိယာယ်တွေကို သင်တကယ်တွေ့မြင်ရမှာပါ” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

၂ဝဝ၉ ခုနှစ်က ထွက်ရှိတဲ့ Avator 1 ဟာ နိုင်ငံများစွာမှ ပရိသတ်များရဲ့ တစ်ခဲနက် အားပေးမှုကို ရရှိခဲ့ပြီး၊ အော်စကာဆု ၃ ဆုထိ ရရှိခဲ့ပါတယ်။