မုံရွာမြို့၊ ရွှေဇလုပ်ရပ်ကွက်၊ မြို့ရှောင်လမ်းဘေး၌ PDF အလောင်းနှင့် လက်လုပ်သေနတ် ၁လက် ရရှိ

မတ်လ ၁၁ ရက်နေ့ ည ၆ နာရီခန့်တွင် မုံရွာမြို့၊ ရွှေဇလုပ်ရပ်ကွက်၊ မြို့ရှောင်လမ်းဘေး၌ အများပြည်သူများ အေးချမ်းစွာ သွားလာနေထိုင်ရေးအတွက် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် လက်နက်သေနတ် ကိုင်ဆောင်ထားသော PDF အကြမ်းဖက်သမား ၁ ဦးအားတွေ့ရှိ၍ လုံခြုံရေးအဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ရာ PDF အလောင်း၁ လောင်းနှင့်အတူ လက်လုပ်သေနတ် ၁ လက်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။