ပြောင်း ရွက်​ခြောက်​ရောဂါ…သတိပြုပါ

  • မြန်မာအမည်         -​ ပြောင်းဖူး ရွက်​ခြောက်​ရောဂါ
  • အင်္ဂလိပ်အမည်      – Maize leaf blight disease
  •                                Northern corn leaf blight (NCLB)
  • Scientific name     – Setosphaeria turcica
  •                               (Exserohilum turcicum)

အ​မေရိက ​မြောက်ပိုင်းတက္ကသိုလ်နယ်​မြေမှာ စတင်​တွေ့ရှိခဲ့လို့ မြောက်ပိုင်း ​ပြောင်း ရွက်​ခြောက်​ရောဂါ..လို့အမည်မှည့်​ခေါ်ဟန်တူပါတယ်။

ယခုလို.​ဆောင်းအကုန်၊ ​နွေအကူးကာလမျိုးမှာ…

နံနက်ခင်း နှင်းကြွင်း​လေး​တွေကျ​နေတဲ့ ​ပြောင်းရွက်​လေး​တွေဟာ ​နွေဦးရဲ့ ပူ​နွေး​ခြောက်​သွေ့တဲ့ ​လေပူ​တွေနဲ့​တွေ့ပြီး ဒဏ်ရာမှတဆင့် ရွက်​ခြောက်​ရောဂါကို ရရှိပြန့်ပွား​စေပါတယ်။

ရောဂါလက္ခဏာ

အစောပိုင်း လက္ခဏာများအ​နေနဲ့.. အရွက်ကြောများနှင့်အပြိုင် ရှည်လျားကျဉ်းမြောင်းတဲ့ ဒဏ်ရာ များ ပေါ်လာပါတယ်။  ရောဂါကြီးထွားလာသည်နှင့်အမျှ ဒီကျဉ်းမြောင်းတဲ့အနာများဟာ ရှည်​မျော​မျောပုံ (သို့မဟုတ်) ဆေးပြင်းလိပ်ပုံသဏ္ဌာန်” ကျယ်ပြန့်လာပါတယ်။

တဖြည်းဖြည်းနဲ့… ဆေးပြင်းလိပ်ပုံသဏ္ဌာန်အနာများက… အချိန်ကြာလာသည်နှင့်အမျှ ပေါင်းစပ်သွားပြီး  ၇ လက်မအရွယ်ထိ ရှည်လျားတတ်ပါတယ်။

သင့်လျော်သောအခြေအနေများမှာ ဒဏ်ရာအတွင်းက မှိုစပိုး​လေး​တွေထုတ်လုပ်နိုင်ပြီး လက်ကိုမှန်ဘီလူးနဲ့ကြည့်ရှုတဲ့အခါမှာ အနက်ရောင် သို့မဟုတ် အစိမ်းနုရောင်အစက်လေးများအဖြစ် ​တွေ့နိုင်ပါတယ်။

​ပြောင်းဖူးမထွက်မီ ​ရောဂါရရင်တော့… အထွက်နှုန်း ၃၀-၅၀ ရာခိုင်နှုန်း ဆုံးရှုံးနိုင်ပါတယ်။

ရောဂါပြန့်ပွား​စေ​သောရာသီဥတု

အပူချိန် ၁၈-၂၇ ဒီဂရီ ဆဲစီးယပ်နဲ့ စိုထိုင်းဆ ၈၀ ရာခိုင်နှုန်းအ​ခြေအ​နေ သို့မဟုတ်  မိုးဆီးနှင်း ဆက်တိုက်ကျမှု​ကြောင့် အရွက်​စိုစွတ်မှု (၈-၁၈ နာရီ) ကြာပါက… ​ပြောင်းဖူးရွက်​ခြောက်​ရောဂါ ကူးစက်​ပျံ့ပွားစေပါတယ်။

(မြန်မာနိုင်ငံ ​ပြောင်းစိုက်အများဆုံးဧရိယာဖြစ်တဲ့ ရှမ်းပြည်နယ်  တခွင်လုံးနဲ့ ဧရာဝတီတိုင်း၊ရန်ကုန်တိုင်းဒေသ​တွေရဲ့ ​​နွေဦးရာသီ ပြောင်းခင်းများအတွက်… အထူးသတိပြုစရာပါ။)

​ရောဂါကူးစက်ချိန်ဟာ ပြောင်းဖူးဆံမြိတ်မထွက်မီ ၂ ပတ် သို့မဟုတ် ထွက်ပြီး၂ ပတ်အတွင်း၊​ပြောင်းဖူးရွက်​တွေ​ပေါ်မှာ ​ရောဂါကျ​ရောက်ပါက အ​စေ့အဆန်ဖြည့်တင်းချိန်မှာ အရွက်များ အစာလုံ​လောက်စွာမချက်နိုင်လို့ အထွက်ဆုံးရှုံးမှု ပိုများနိုင်ပါတယ်။

ဒီ​ရောဂါရဲ့​နောက်ဆက်တွဲအ​နေနဲ့တော့ ​ပြောင်းရိုးတံပုပ်(Stalk rot disease) ​ရောဂါ ဖြစ်​စေတတ်ပါတယ်။

ကြိုတင်ကာကွယ်ရန်နည်းလမ်းများ

  • ​ရောဂါခံနိုင်ရည်ရှိ​သော မျိုး​ကောင်းမျိုးသန့်ကို ​ရွေးချယ်စိုက်ပါ။
  • အပင်အကြွင်းအကျန်များကို ဆွေး​မြည့်​စေပြီးမှ(ရှင်းလင်းပြီးမှ) စိုက်ပါ။ ​(မြေ​ဆောင်​ရောဂါ မဟုတ်လို့၊ မျိုး​စေ့လူး​ဆေးအသုံးပြုလို့ မထိ​ရောက်နိုင်ပါ)
  • အာဟာရ အချိုးမျှတ​အောင်ကျွေးပါ(ယူရီးယား များလွန်းခြင်း ​ရှောင်ပါ)
  • သီးလှည့်စိုက်ပါ( ပဲပုတ်၊ ပဲတီစိမ်း၊ မတ်ပဲ၊​ နေကြာ..စသည်သီးနှံများနဲ့ အလှည့်ကျစိုက်ပါ)
  • အပင်တစ်လသားအရွယ် ထရိုင်ကိုဒါးမားကို သဲနဲ့​ရောပြီး အပင်​ခြေထည့်​ပေးပါ။
  • ဆာလဖာဖျန်း​ပေးခြင်းဖြင့်လည်း ​ရောဂါကာကွယ်မှု ထိ​ရောက်​စေပါသည်။

မှိုသတ်​ဆေးဖြင့်ကာကွယ်နှိမ်နင်းခြင်း

အောက်​ဖော်ပြပါ ​ဆေးအုပ်စုများမှ သင့်​တော်ရာတမျိုး သို့မဟုတ် တမျိုးထက်ပိုပြီးကို အညွှန်းပါအတိုင်း အသုံးပြုနိုင်ပါတယ်။

  • Mancozeb
  • Captan
  • Chlorothalonil
  • Propiconazole
  • Hexaconazole
  • Difenoconazole
  • Azoxystrobin
  • Pyraclostrobin

​စေတနာများစွာဖြင့်

ဒို့ဦး​လေး

Ref >>> Northern corn leaf blight  disease  at Purdue Extension.

“အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်”