မင်္ဂလာရှိသော မနက်ခင်းလေးပါရှင့်

ကိုယ့်အတွေးတော်သလောက်
အနေသက်သာရမယ် ။

ကိုယ့်အတွေးချော်သလောက်
ဘေးဒုက္ခသင့်မယ် ။

မရှိတော့တဲ့ အတိတ်ကိုတွေးပြီး
စိတ်သောက ရောက်မနေစေနဲ့ ။

မသေချာတဲ့အနာဂတ်ဆီလည်း
ကြိုတင်တွေးဆ ပူလောင်မနေကြ
စေနဲ့ ။

လက်ရှိဘ၀ပစ္စုပ္ပန်အနေထားမှာ
အတွေးမြတ်သလောက်
ကိုယ်လွတ်မြှောက်ချမ်းသာပါတယ်။

ပျော်စရာတွေ တွေးမိရင်
စိတ်တွေဟာ တခဏပျော်ရွှင်ရသလို

မကျေနပ်စရာတွေတွေးမိရင်လည်း
စိတ်ဆင်းရဲမှုတွေ ဖြစ်ကြရပါတယ် ။

ဘယ့်သူ့ကြောင့် စိတ်ဆင်းရဲတာပါလို့
ပြောမယ်ဆိုရင် အဓိပ်ပါယျမရှိပါဘူး ။

ကိုယ်ယူလိုက်လို့ ကိုယ့်အတွေးတွေ
ယုတ်ညံ့လို့တာ ဘ၀ဟာဆင်းရဲရတာပါ ။

သူများဆီကယူမယ်ဆိုရင်
ကောင်းတာကို ရွေးယူတတ်ဖို့လိုပါတယ် ။

ကိုယ်ဆီကပေးမယ်ဆိုရင်လည်း
စိတ်ချမ်းသာစေမယ့်အရာတွေကို
မျှဝေပေးတတ်ဖို့ လိုပါတယ် ။

အပေးနှင့်အယူတွေဟာ
ကောင်းတာတွေပဲ ဖြစ်နေမယ်ဆိုရင်
စိတ်ဟာ မညစ်နွမ်းပဲချမ်းသာနေမှာပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏