အားအင်ပြည့်၀ အရသာရှိတဲ့ ပဲကုလားချဥ်ရည်ဟင်းချက်နည်း

ပါဝင်ပစ္စည်းများ

  • 1/2 ကုလားပဲ ပေါင်းအိုးချင်ခွက် တစ်ဝက် ၊ ၁ နာရီခန့်ရေစိမ်ပြီး ဆား ဆီ အနည်းငယ်ထည့်ပြီးပြုတ်ထားပေးပါ
  • 2 အာလူး အလုံးကြီး ၂ လုံး ၊ အခွံခွာပြီး ၁လုံး ၄ ခြမ်းခြမ်းထားပါ
  • 1 မုန်လာဥနီ အလုံးသေး ၁ လုံး ၊ အနေတော်တုံးထားပါ
  • 2 ရုံးပတီသီး ၂ တောင့် ၊ အနေတော်လှီးဖြတ်ထားပါ
  • 1 ခရမ်းသီး ၁ လုံး ၊ ခြမ်းပြီး အနေတော်လှီးထားပါ
  • 1 ကြက်သွန်နီ ၁ ဥ
  • 4 ကြက်သွန်ဖြူ ၄ တက်
  • 1/2 အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နနွင်းမှုန့် အနည်းငယ်
  • 1 ဟင်းခတ်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • 2 ဆီ ထမင်းစားဇွန်း ၂ ဇွန်း
  • ချဉ်ပြုံးပြုံးမန်ကျည်းအရသာမှုန့်
  • 1 လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • မဆလာ အနည်းငယ်
  • 2 ပျဥ်းတော်သိမ် ၂ ခက် ၊ အရွက်ခြွေထားပါ
  • 1 ရေ ၁ လီတာ

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ကြက်သွန်နီ၊ ကြက်သွန်ဖြူ အခွံခွာ ရေသန့်စင်အောင် ရေဆေးပြီး ညက်နေအောင်ထောင်းပါ။
  2. ဆီ၊ အရောင်တင်မှုန့်၊ နနွင်းမှုန့်၊ အခွံခွာရေဆေးသန့်စင်ပြီး ခြမ်းထားသော အာလူး၊ မုန်လာဥနီတို့နှင့်အတူ ပြုတ်ပြီးသား ပဲ၊ အရွက်ခြွေထားသော ပျဉ်းတော်သိမ်ရွက်တစ်ဝက် ထည့်ပြီးဟင်းချက်မည့်အိုးထဲမှာ ရောနယ်ပြီး မီးပျော့ပျော့နှင့် အာလူးများ အရောင်ကြည်လာသည်အထိမွှေပေးထားပါ။
  3. ရေ ၁လီတာထည့်ပြီး ဆူလာအောင် စောင့်ပါ။ ထို့နောက် ခြမ်းပြီး အနေတော် လှီးထားသော ခရမ်းသီးများထည့်ပြီး ခဏမွှေပေးပါ။ ခရမ်းသီးထည့်ပြီး ခဏနေလျှင် ရုံးပတီသီးထည့်ပေးပါ။
  4. အသီးအရွက်များနူးလျင် ဟင်းခတ်မှုန့် နှင့် ချဉ်ပြုံးပြုံးမန်ကျည်းအရသာမှုန့်တို့ထည့်ပြီး မဆလာနှင့်အရွက်ခြွေထားသောပျဉ်းတော်သိမ်ရွက်တို့ခတ်ပြီးလျှင် စားသုံးနိုင်ပါပြီ။