တပ်မ​တော်သားဘဝကို ​ရွေးချယ်ခဲ့သူ

သူမကတော့ Miss Supranational Myanmar 2017 မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ရွှေမှူးဟန် ဖြစ်ပါတယ်။ သူမရဲ့ နာမည်အပြည့်စုံလေးကတော့ မေအိ​န္ဒြေသန့်ဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ်က ၂၀၁၇ ခုနှစ်မှာ ဥရောပ နိုင်ငံ Poland မှာကျင်းပပြုလုပ်တဲ့ Miss Supranational ပြိုင်ပွဲမှာ Bangkok မှ Poland အထိ တစ်ယောက်ထဲ သွားရောက်ယှဉ်ပြိုင်
ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

သူမဟာ မိသားစုရဲ့ စကားကိုနားထောင်ပြီး သူမရဲ့အနုပညာအလုပ်ကနေစွန့်ခွါကာ တပ်မတော်ထဲကို ဝင်လာခဲ့သူလေးတစ်ဦးလို့လဲထပ်မံသိရပါတယ်။ သူမရဲ့မိသားစုဟာဆိုရင်လဲ တပ်မိသားစု အသိုင်း အဝိုင်းကမွေးဖွားလာသူဖြစ်တဲ့အတွက် အခုဆိုရင် သူမက နိုင်ငံကိုယ်စားပြုအလှမယ်ဘဝမှ နိုင်ငံ့အကျိုးပြု စစ်သမီးအရာရှိတစ်ယောက်အဖြစ် ၂၀၂၁ခုနှစ်မှာတပ်မတော်ထဲသို့ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။

သူမဟာ ၂၀၁၉ ၊၂၀၂၁ ခုနှစ် တွေမှာ တပ်မတော်နည်းပညာတက္ကသိုလ် DSTA သကြင်္န်ပွဲတွေမှာ အမြဲဖျော်ဖြေ လေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ၇၆ နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းတွဲ ကြယ်နှင့်အတူ ဇာတ်လမ်းမှာဆိုရင်တော့ တပ်ကြပ်ငွေမောင်ဇနီး၊ ဗိုလ်ကြီးသန်းနိုင်မိခင် မသက် အဖြစ် ပါဝင်အားဖြည့်သရုပ်ဆောင်ခဲ့ပြီး တပ်မတော်အကျိုးပြုလုပ်ငန်းတွေအတွက် အမြဲပါဝင်တဲ့သူလေးတစ်ဦးလဲဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက် ၇၇နှစ်မြောက် တပ်မတော်နေ့မှာလဲ သူမကိုယ်တိုင် စစ်ရေးပြလျှောက်ခဲ့ပါဝင်တယ်လို့သိရပါတယ်။

အခုဆိုရင်တော့ သူမဟာ ယခင်အနုပညာအလုပ်မှာလဲလျှောက်လှမ်းခဲ့သူဖြစ်တဲ့အပြင် အရာရှိတစ်ယောက်ဖြစ်တဲ့အတွက် (၇၅)နှစ်မြောက် တပ်မတော်(ရေ) ဂုဏ်ပြုဇာတ်လမ်းတွဲ ကြယ်ညွှန်ရာသစ္စာမှာ ပါဝင်သရုပ်ဆောင်ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။