မတ္တရာမြိုနယ်အတွင်း သာမန်ပြည်သူတစ်ဦးအား အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်သတ်

မန္တလေးတိုင်းဒေသကြီး၊မတ္တရာမြိုနယ်၊ဥက္ကံအနာကြီးဆေးရုံအနီး၌ အမျိုးသမီးတစ်ဦး၏ အလောင်းတွေ့ရှိကြောင်း သတင်းရရှိ၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများမှ အခင်းဖြစ်နေရာသို သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ သာမန်ပြည်သူ ဒေါ်သင်းသင်းခိုင်၊၄၃နှစ်၊(ဘ)ဦးဌေးအောင်၊အသုတ်စုံရောင်း၊ဥက္ကံအနာကြီးဆေးရုံဝင်းအတွင်းနေထိုင်သူဖြစ်ပြီး ဒေါ်သင်းသင်းခိုင်တွင် ဝဲ-ပါး ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝဲ-နားထင် ဖောက်ဝင်ဒဏ်ရာ ၁ချက်တိုဖြင့်သေဆုံးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။ ဖြစ်စဥ်နှင့်ပတ်သက်၍ ပတ်ဝန်းကျင်အား စုံစမ်းမေးမြန်းခဲ့ရာ အကြမ်းဖက် သမား pdf ၃ဦးမှ သေနတ်ဖြင့်ပစ်ခတ်ကာ တောင်ဘက်သိုဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသွားသိရှိရပါသည်။