လူငယ် အညွန့်အဖူးများအနာဂတ် လမ်းမမှားဖို့

WYကို လူငယ်တွေက ကြယ်သီး လို့အလွယ်ခေါ် ကြပါတယ် ။ အရောင် အလိုက် ပုံစံအလိုက်အမျိုးအစား ခွဲ ကြတယ် ။

အများ အားဖြင့် အရောင် ကပန်းဆီရောင် လိမ္မော်ရောင်ချောကလက်ရောင် ဒီလို ခွဲခြာ;သတ်မှတ် ကြတယ် ။

အစိမ်းရောင် နဲ့ ငွေမှင်ရောင် ပါ တဲ့အစက်အပြောက်ပါတဲ့ အခြားအရောင်တွေကိုအထူးထုပ် ကာလာတွေကို

တစ်ရာ နှစ်ရာ ယူမှ (ရာစီး)လက်ဆောင် ၂လုံးလောက်ပါတတ်တယ် ။

နောက်..WYထက် အဆင်ြ့မင့်ထားတဲ့ICEက လည်း အဖြူ ရောင်ကျောက်ချဉ်ခဲ အကြေနဲ့ တူပါတယ် ။-

လူငယ်တွေ ဘာလို့စွဲလည်;အရသာကလည်း စိတ်ပျော့သူဆို ဆွဲတယ် ။

မျောဘို့များပါတယ် ။-၃လုံး လောက် ရှူ ရှိုက်မိရင်ကချင် ခုန်ချင် လှချင် ပ ချင် သွားချင် လာချင်သုံးစွဲသူ အပေါ်လိုက်ပြီး

အမျိုးမျိုး ဖြစ်ပေါ်လာတတ်ပါတယ် ။-၃လုံးလောက် ရှူမိသူဟာထမင်း ၂ရက်လောက် မဆာပါဘူး ။

၃ညလောက် မအိပ်ပဲအိပ်ရေးဝ လန်းဆန်းနေတယ် ။-

လွန် သွားရင် အာရုံ သေ သွားပြီးတစ်ခုခုထဲ မြုတ်သွား သလို ပေါ့ ။အလုပ်တစ်မျိုးမျိုး

ဝါသနာပါရာgame လို မျိုးကို နစ်ပီးမအိပ်မနေ ဆော့နေတတ်တယ် ။

ဆေး ကျချိန် ရဲ့ဒဏ်ကို မခံနိုင်တဲ့လူစွဲသွား တာပါပဲ ။

ဆေး ကျချိန်မှာ..ဆေးအာနိသင် ပြယ်ချိန်ဟာချက်ခြင်းလူမမာ တစ်ယောက်လိုပျော့ခွေပြီး အဆစ်အမြစ်ကိုက်ခဲ

အရိုးထဲ ကိုက်တဲ့ ဝေဒနာအားအင်ကုန်ခမ်း နွမ်းနယ်နေသူ တစ်ယောက်လိုဒေါသ အလို လို ဖြစ်လာတာ ။

တကယ့်ကို လူမမာ လုံးလုံး ဖြစ်နေချိန်တစ်ချက် နှစ်ချက် တစ်လုံးရဲ့ ၅ပုံ ၁ ပုံ လောက် အနံ့ရတာနဲ့ ငေါက်ခနဲ ထထိုင် ဇာတ်ကြိုးမနိုင်တဲ့ မြင်းလိုခုနက မောပမ်း ကိုက်ခဲနေတာ ချက်ခြင်းပျောက် သွားတဲ့ သုခအဲ့ဒီ …. သုခ ကို စွဲလမ်းသွား တာပါ ။

စွဲသွားသူတစ်ယောက် ဆေးကျချိန် မှာဆေးသာ ရမယ်ဆို ဒုစရိုက် လုပ်ဘို့၇၀ ရာနူန်း တွန်းအားပေးပါတယ် ။

ဈေးကွက် ပေါက်ဈေးအရတစ်လုံး ၃ထောင် ကို စွဲလန်း သုံးစွဲသူလူငယ်တစ်ယောက်အနေ နဲ့၃လုံး လောက် သုံးစွဲဘို့

တစ်နေ့ တစ်သောင်း လို အပ်ပါတယ် ။-

ဒါဟာကျောင်သား လူငယ်တစ်ယောက်အနေနဲ့ရေရှည် မဖြစ်နိုင်ပါဘူး ။-ထိုအချိန်မှာ မူးယစ်သားကောင် လူငယ်ဟာ

ဆေး ရဘို့ မိမိကဲ့သို စမ်းသပ်မယ့်သားကောင် အသစ် ရှာ ရပါတယ် ။-

သားကောင်အသစ် ရရင်ရောင်းဝယ်သူ ပေးတဲ့ကော်မရှင် နဲ့ဈေးနူန်း ကွာတဲ့ ၅၀၀ လောက်ရဘို့အပိုအဆစ် ဆယ်လုံး မှ တစ်လုံး

အပို လေး ကို မျှော်လင့်ပြီးအလို လို ရောင်း ဝယ်သူဆေး ကယ်ရီသမား ဖြစ်မှန်း မသိဖြစ်လာပါတော့တယ် ။

နီးစပ်ရာ မိန်း ကလေး ယောကြာင်ျး လေး သူငယ်ချင်း များ ကို ဆွယ်ရပါတော့တယ် ။

နောက်ဆုံး မိမိ ပတ်ဝန်းကျင် လူစုမိပြီးအားလုံး သားကောင်ဖြစ်သွားကြပြီးသားကောင်အသစ် ထပ်မံ မရတော့တဲ့အချိန်

မသုံးစွဲရ မနေနိုင် အခြေအနေ မှာဒုစရိုက်လုပ်ဘို့ ကြံစည်ပါတော့တယ် ။

ယခုတစ်လော လူငယ်တွေ အစုလိုက်အဖွဲ့လိုက် လုယက်မှု ကျူးလွန်နေတာဟာမူးယစ် သားကောင်တွေပါ ။

ဒါကြောင့် လူငယ်များ မစမ်းသပ် သင့်ပါဘူး ။-မိမိသုံးစွဲတာ

တာဝန်ရှိသူတွေ မသိဘူး မထင်ပါနဲ့ ။

၂၄ နာရီအတွင်း ဆီးစစ်ရင် ပေါ်ပါတယ် ။

၆လအတွင်း သွေးစစ်ရင် ပေါ်ပါတယ် ။

၂နှစ်အတွင်း ဆံပင်ကို CIDအမျိုးသား ဓါတ်ခွဲ ဌာနပို့စစ်ရင် ပေါ်ပါတယ် ။-

မိဘများကလည်းကိုယ့်သားသမီး ရဲ့အမူအကျင့် တွေပြောင်းလဲလာရင် လစ်လျှူ မရှူသင့်ပါဘူး ။-

သုံးစွဲသူတွေက သိသာထင်ရှားပါတယ် ။-

သိသိသာသာကိုယ်အလေးချိန် လျှော့လာမယ် ။မလိုအပ်ဘဲ  စကားများလာမယ် ။မျက်ကွင်းညိုလာမယ် ။

အစား အသောက်ပျက်လာမယ် ။အထူးခြားဆုံး က ချွေးနံ့ !-

ကိုယ် နံ့ ဟာ လိမ်ညာမရအောင်ချောကလက် အနံ့ အမြဲမွှေးနေပါတယ် ။ဆပ်ပြာနဲ့ဆေးလို့ မပျောက်ပါဘူး ။

ဒါ ထူးခြားပါတယ် ။သွားများ ကျိုးပဲကုန်ပါတယ် ။ဒါနောက်ဆုံးအဆင့်ပါ !လူငယ် အညွန့်အဖူးများ

အနာဂတ် လမ်းမမှားစေဘို့တိုင်းပြည် သာယာ အေးချမ်းစေဘို့အားလုံး ပူးပေါင်းပါဝင်စေလိုပါတယ် ။