ပြည်သူ့စစ်က စစ်ပြည်သူကိုလက်တွဲခေါ်ရလိမ့်မယ်

စစ်ပြည်သူဆိုတာ?
မြန်မာပြည်မှာ
တပ်မတော်သားရှိတဲ့အိမ်သားတွေမျက်နှာပွင့်လန်းကြတဲ့ခေတ်တစ်ခေတ်ရှိခဲ့ကြဖူးတယ်။ စစ်ယူနီဖောင်းနဲ့ဓာတ်ပုံအိမ်မှာချိတ်ထားရင်ကို မိဘတွေဂုဏ်ရှိတယ်ဆိုတဲ့ခေတ်ပေါ့။ တစ်ချိန်တုန်းက တပ်မတော်သားဆိုတာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်တွေ လူတိုင်းအားကျရတဲ့ လူသားတွေအဖြစ်မြန်မာပြည်မှာရှိခဲ့ဖူးတယ်။ ၁၉၈၈ အရေးအခင်းပြီးကာလ တပ်မတော်သားတွေဟာ ပြည်သူတွေနဲ့ထိတွေ့ဖို့ရွာတွေအထိ သွားပြီး ရွာ၊လမ်း၊ဘုန်းကြီးကျောင်း၊စာသင်ကျောင်း သန့်ရှင်းလုပ်ရုံမကဘူး။ စပါးကူရိတ်တာ၊ စပါးကူသယ်တာ နွားကူကျောင်းပေးတာတွေပါ တရင်းတနှီးလုပ်ခဲ့ကြလို့ ပြည်သူတွေ “မြင်ပါများတော့ကြင်” ဆိုတဲ့စကားအတိုင်းတပ်မတော်အပေါ်တော်တော်လေးချစ်ကျွမ်းဝင်ခဲ့တယ်။

အဲ့ဒီအကျိုးအဆက်က ငါ့သားကြီးရင် စစ်ဗိုလ်ကြီး လုပ်ခိုင်းမယ်ဆိုတဲ့မိဘတွေ များလာခဲ့သလို စစ်သားရှိတဲ့မိဘအိမ်တွေများလာခဲ့တယ်။ ရပ်ကွက်တိုင်းမှာ၊ ရွာတိုင်းမှာ စစ်သားမိဘအိမ်တွေ ရှိလာခဲ့တယ်။ ဒါဟာ စစ်ပြည်သူအားကောင်းလာတယ်လို့ခေါ်တယ်။ မြောက်ကိုရီယားမှာ ပြည်သူတွေဟာ အချင်းချင်းရဲဘော်လို့နာမည်တပ်ခေါ်လေ့ရှိတယ်။ ရွာတစ်ရွာမှာ အုပ်ချုပ်ရေးမှုးက တပ်မတော်အရာရှိတစ်ဦးဖြစ်ပြီး ရွာသားတွေမှာတပ်မတော်ကဲ့သို့အဆင့်ဆင့် ရာထူးရှိတယ်။ စုပေါင်းတာဝန်ခံမှုနဲ့အလုပ်လုပ်ကြတယ်။ ပြည်ပရန်အတွက်အစဥ်သင့်ရှိကြတယ်။

သို့သော်မြန်မာပြည်မှာ NLD အားကောင်းလာခဲ့သည့်နောက်ပိုင်း “စစ်သားဂျိုင်းထောက်၊စစ်ဗိုလ်တိုက်ဆောက်” ဆိုတဲ့ဝေါဟာရတွေကစလို့ “စစ်ခွေး” လို့ခေါ်တာအဆုံး တပ်မတော်သားတွေရဲ့ဘဝကို လူထဲမတိုးအောင်၊ လူရာမဝင်အောင် စတင်ပုံဖျက်ခံလာရတဲ့ အကျိုးအဆက်က ဒီကနေ့အရပ်သားက တပ်မတော်သားကို ပြန်လည်အံတုဗလ ပြုသည်အ​ေခြအနေအထိရောက်လာခဲ့တာအားလုံးအသိပင်ဖြစ်ပါမည်။ ရွာသားတွေက မိုင်းလုပ်တက်တယ်၊ ရွာသားတွေက စစ်တိုက်ဖူးတယ်ဆိုတဲ့ အချက်က တိုင်းပြည်အတွက် စိုးရိမ်စရာအချက်တစ်ခုအဖြစ်ထည့်သွင်းစဥ်းစားရတော့မှာဖြစ်ပါတယ်။

ဒီအခြေအနေမှာ ပြည်သူ့စစ်မဟာဗျုဟာကို ပြန်လည်ပုံဖော်အသက်သွင်းပြီး ပြန်ကုစားရပါလိမ့်မယ်။ ပြည်သူ့စစ်ခေါင်းဆောင်ကို ရွာအုပ်ချုပ်ရေးမှုးတာဝန်ပေးရပါလိမ့်မယ်။ ပြည်သူ့စစ်မရှိလျှင် အရာရှိတစ်ဦးက ရွာအုပ်ချုပ်ရေးမှုးဆင်းလုပ်ပေးရပါမယ်။ (စစ်ကိုင်းတိုင်း/ မကွေးတိုင်းတစ်ချို့ရွာများအတွက်ဖြစ်ပါသည်) ရွာတွေမှာ တပ်မတော်ကိုယ်စားပြည်သူစစ်ကတာဝန်ယူပေးပြီး ပြည်သူ့စစ်ကိုလုပ်ပိုင်ခွင့်အာဏာအပြည့်အဝပေးထားရမှာဖြစ်ပါတယ်။ ပြီးတော့ ပြည်သူ့စစ်ကိုတာဝန်ယူပေးရပါလိမ့်မယ်။

အကြမ်းဖက်တွေချုပ်ငြိမ်းပြီးမှ ပြည်သူစစ်ကို တာဝန်ရပ်ဆဲသင့်ပါတယ်။ ဒါကိုလဲထည့်ပြောထားမှရပါမယ်။ ဒီလိုမှမဟုတ်ရင် ပြည်သူ့စစ်ဖြစ်တုန်း ထင်ရာစိုင်းလိုက်မယ်ဆိုတဲ့လူတွေပါလာရင် (PDF) နဲ့ဘာမကွာအခြေအနေဖြစ်သွားပါမယ်။

နိဂုံးချုပ် တင်ပြရရင် ပြည်သူ့စစ်ခိုင်မာပြီးမှ စစ်ပြည်သူစနစ်ကိုပြန်သွားရပါလိမ့်မယ်။ စစ်ပြည်သူစနစ်ဆိုသည်မှာ မြောက်ကိုရီယားပုံစံ လုံးလုံး အတုခိုးထားခြင်းမဟုတ်ဘဲ ရပ်ကွက်တစ်ခု၊ရွာတစ်ရွာမှာ တပ်မတော်သားမိသားစု ၃၀ % မှ ၅၀% ရှိနေရမည့်အခြေအနေကိုဆိုလိုပါတယ်။ ဒါမှသာ တပ်မတော်နဲ့ တသွေးတည်းတသားတည်း ရပ်တည်သွားကြမယ့် ခိုင်မာအားကောင်းတဲ့ လူ့အဖွဲ့အစည်းတစ်ခု ရရှိလာပြီး အေးချမ်းသာယာပြီးခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ရပ်ပေါ်ပေါက်လာမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းသုံးသပ်တင်ပြအပ်ပါသည်။