ဝါးဒူးကျေးရွာတွင် (၆၁)နှစ်မြောက်တောင်သူလယ်သမားနေ့ ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာ၌ ယနေ့တွင်ပြုလုပ်သော (၆၁)နှစ်မြောက်တောင်သူလယ်သမားနေ့ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ တောင်သူလယ်သမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြတယ်လို့ သိရပါတယ်။

တိုင်းဒေသကြီးဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက  တောင်သူလယ်သမားနေ့ အခမ်းအနား မုဒ်ဦးဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ပေးပို့သောသဝဏ် လွှာအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖတ်ကြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး က အဖွင့်အမှာစကားပြောကြားပါတယ်။ အဲ့ဒီ့နောက် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သော ထူးချွန် တောင်သူများနှင့် ဝန်ထမ်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန် ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ၎င်းနောက် ခင်းကျင်းပြသထားသော ပြခန်းများ နှင့် စိုက်ခင်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။