ဘယ်သူက ‘အ’ လို့ ဘယ်သူက ‘လုပ်စား’ သွားတာလဲ?

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ လူတိုင်းက ကိုယ့်အတွက်ကိုယ်ရှင်သန်နေကြရတာပါပဲ။

ကိုယ့်အတွက်ကိုယ်ရှင်သန်ပြီး ကိုယ့်ဘဝကိုယ်ကျောင်းနေတဲ့ သူတွေမှာ နိုင်ငံခြားရောက်တဲ့ ကျောင်းသားတွေ၊ အောင်မြင်လာတဲ့ ကုမ္ပဏီတွေ၊ အနုပညာကြေးမြင့်လာတဲ့ သရုပ်ဆောင်တွေ၊ အားပေးကြည့်ရှုသူများလာတဲ့ ရုပ်ရှင် Channel တွေ၊ အဆင်ပြေနေတဲ့ မိသားစုတွေ၊ ကျောင်းတက်နေကြတဲ့ ကလေးတွေ၊ ရာထူးတိုးသွားကြတဲ့ ဝန်ထမ်းတွေ စတဲ့ ကိုယ့်ဘဝကိုယ်ချစ်ကြတဲ့ လူတွေဟာ ကိုယ့်ဘဝရဲ့ လက်ရှိအချိန်မှာ အကောင်းဆုံးကို လုပ်ခဲ့ ကြခြင်းပဲဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးဆိုတဲ့အရာကြီးကို ဖက်တွယ်လို့ Follow the Trend ဆိုတဲ့အတိုင်း CDM လိုက်လုပ်ကြတယ်။ CDM လုပ်လို့ ဘာရသွားလဲဆိုတော့ လက်ညှိုးအထိုးမခံရ တော့ဘူး။ Social Punishment, Bully အလုပ်မခံရတော့ဘူး။ လူတကာလုပ်တဲ့ ချီးမွမ်း ၇ရက် ကဲရဲ့ ၇ရက် အလုပ်ကို အလုပ်မခံရတော့ဘူး။

သားသမီးတွေရှိတဲ့ မိသားစုတွေရှိတဲ့လူတွေ လက်ညှိုးအထိုးမခံရပေမယ့် လက်မ မထောင် နိုင်တော့ဘူး။ နေစရာမရှိတော့ဘူး။ အလုပ်လက်မဲ့တွေဖြစ်ကုန်ကြပြီ။

နိုင်ငံရေးလှည့်ကွက်အောက်မှာ ချနင်းခံရတဲ့ နိုင်ငံရေးထဲ လက်ဝင်လျှိုခဲ့တဲ့ သူတွေ အခု ဘာတွေဖြစ်နေကြပြီလဲ? အမေ့စကား တစ်ခွန်းနဲ့ အရာရာ လက်လွှတ်ခဲ့တဲ့လူတွေ ဘာလုပ်နေကြလဲအခု?

ထောင်ထဲရောက်သူကရောက်၊ ကလေးတွေ မိတဆိုး ဖတဆိုးတွေဖြစ်၊ အနာဂတ် ပျောက် လို့ နေစရာတောင်မရှိကြတော့ဘူး။ ဒီလူတွေကိုမေးချင်တာက…

ကိုယ့်မိဘကိုယ် ဘယ်လိုထောက်ပံ့မှာလဲ? ကိုယ့်သားသမီးကိုယ် ဘယ်လိုကျွေးမွေးမှာလဲ? ကျောင်းမတက်ရတဲ့ ကလေးငယ်တွေရဲ့ အနာဂတ်ကို ဘယ်သူ တာဝန်ယူပေးမှာလဲ?     CDM ကြောင့် ဘဝပျက်ပြီး နေစရာမရှိတော့တဲ့ ဘဝတွေကို ဘယ်သူကအိမ်ပေါ်ခေါ်တင် ထားပေးလဲ? တိုက်ပွဲမှာ သေလို့ အလောင်းတောင်မကောက်နိုင်တဲ့ တောခိုနေတဲ့သူတွေ ဘယ်သူများ ရက်လည်ဆွမ်းသွတ်ရလဲ? ဘယ်သူများ သာဓုခေါ်ရလဲ?

ဘဝမှာ အရွယ် ၃ပါးရှိတယ်…

ပထမအရွယ်မှာ ပညာရှာရမယ့် ကလေးတွေ မိဘတွေကြောင့် ပညာမရှာရတော့ဘူး။

ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် ကျောင်းမတက်တဲ့ တက္ကသိုလ်ကျောင်းသားတွေ ရွယ်တူတွေ နိုင်ငံခြားသွားတာ၊ ဝင်ငွေရတာထိုင်ကြည့်ပြီး မိဘလုပ်စာထိုင်စားနေရပြီ။

ဒုတိယအရွယ်မှာ ဥစ္စာရှာရမယ့် လူငယ်တွေ တောထဲမှာ ပညာမဲ့တဲ့လူအချို့နဲ့အတူ ဥစ္စာပါ

မဲ့နေကြပြီ။ ကိုယ့်ဘဝကိုယ် ချောက်ထဲခုန်ဆင်းကြတာ..။

တတိယအရွယ်မှာ တရားရှာဖို့ အသက်အရွယ်ကြီးရင့်နေတဲ့ မိဘတွေ..သားသမီးတောထဲ ရောက်တာနဲ့၊ အဖမ်းခံရတာနဲ့၊ သားသမီးသေလို့ မြေးမြစ်တွေကို ရှာကျွေးနေရတာနဲ့ ဘယ်မှာလဲတရားဆိုပြီး မေးရမလိုဖြစ်နေပြီ။

ဒီလိုလူတွေ ဘဝပျက်နေတာရဲ့ တရားခံ လက်သုံးချောင်းထောင်ဖို့ လှုံ့ဆော်ခဲ့တဲ့ သူတွေ ကရော ဘယ်မှာလဲ?

နိုင်ငံခြားမှာ အခြေကျပြီး “အတူတိုက်ပွဲဝင်မယ်”ဆိုတဲ့ မျှော်လင့်ချက်ပေး၊ အလှူငွေတွေ လိမ်၊ သူတို့စားဖို့ပဲအလှူခံနေကြပြီး ဘာတဲ့ CDM ဝန်ထမ်းတွေအတွက် ၂ နှစ်တာ အတော အတွင်း ဘဝပျက်ခဲ့တဲ့ လျော်ကြေးက ၃သောင်းတဲ့၊ ၁ရက်ကို ၄၁ကျပ်နဲ့ ဘဝကိုရင်းခဲ့ ကြတာ..တန်လား? တန်ကြရဲ့လားလို့ပဲ မေးချင်ပါတယ်။

အခုအချိန်ထိ ‌တောင့်ခံလာရတဲ့ ပြည်သူတွေ၊ တောထဲကမင်းတို့ပြောတဲ့ မင်းတို့ လူငယ် သူရဲကောင်း‌တွေ၊ ဘဝပျက်နေတဲ့ CDMဝန်ထမ်းတွေကို မေးချင်တာ ဘယ်သူများ လာကယ်လဲ?

လေလှိုင်းပေါ်ကနေ အမျိုးမျိုးတွေထုတ်ပြန်ပြီး မျှော်လင့်ချက်ပဲ ပေးနေတာကို မျှော်ကိုးနေ ကြဦးမှာလား? မက်လုံးတွေမက်ပြီး ဘဝကိုရင်းနေကြဦးမှာလား?

လူတိုင်းဟာ ကိုယ့်ဘဝကိုယ် ကျောင်းရတာပဲ။ မင်းတို့ကိုကယ်ဖို့နေနေသာသာ သူတို့ တောင် အလုပ်လက်မဲ့မို့လို့ တစ်ဖက်လှည့်နဲ့ အလှူခံစားနေကြတာလေ။

မြေပြင်က ကောင်တွေသွားမေးကြည့်ပါဦး။ အဲ့လောက်များပြားတဲ့ အလှူငွေတွေရရော ရလားလို့။

ဘာဘတ်ဂျတ်မှ မရှိလို့တောင် တာဝါတိုင်တွေချိုးပြီး လက်နက်လုပ်နေကြတာ မဟုတ် ဘူးလား။ ဓားပြတိုက်၊ ဆက်ကြေးကောက်ပြီး ပြည်သူတွေကို လုယက်နေကြတာ မဟုတ် ဘူးလား?

သိချိန်တန်ပါပြီ၊ ဘယ်ဖက်မှာမှ ရပ်တည်ခိုင်းနေတာမဟုတ်ဘူး။ ကိုယ့်ဘဝကိုယ် ရပ်တည် ခိုင်းနေတာ။

ကိုယ့်ချွေးနည်းစာကို ကိုယ်စား ကိုယ့်ဘဝကိုယ်ကျောင်း၊ ကိုယ့်မိသားစု၊ ကိုယ့်မိဘကိုယ် လုပ်ကျွေးကြစမ်းပါ။ ကိုယ့်ကလေးကိုယ် ပညာရေးမှာ အကောင်းဆုံးဖြစ်အောင် ပံ့ပိုးလိုက် စမ်းပါ။

မ’အ’ကြပါနဲ့တော့။ တိုင်းပြည်ကဘာဖြစ်နေနေ မင်းတို့က တိုင်းပြည်မှာနေနေတဲ့ ပြည်သူ ပြည်သား၊ နိုင်ငံရေးလုပ်နေတဲ့ နိုင်ငံရေးသမားမဟုတ်ဘူး။ ပြည်သူပီပီ ကိုယ့်ဘဝကိုယ်

ပိုင်တယ်။

ကိုယ်ပိုင်တဲ့ ဘဝကိုအကောင်းဆုံးဖြစ်အောင် ကြိုးစားလိုက်စမ်းပါ။

ဘယ်သူပဲဦးဆောင်နေပါစေ..ကိုယ်က လက်ရှိတိုင်းပြည်မှာ ကိုယ့်မိသားစု၊ ကိုယ့်ဘဝ၊ ကိုယ့်သားသမီးကိုယ် ကောင်းကောင်းစောင့်ရှောက်နိုင်တဲ့ ကိုယ့်ကိုယ်ကိုယ်အပေါ် တာဝန် ကျေတဲ့လူ ဖြစ်ဖို့ပဲလိုပါတယ်။

ကိုယ် ‘အ’လို့ ကိုယ့်ရဲ့ ပေးဆပ်နေတာအပေါ်မှာ ‘လုပ်စား’သွားတာမျိုး အဖြစ်မခံပါနဲ့။

ကိုယ့်ကိုယ်ကိုချစ်ပါ။ ကိုယ့်ဘဝကိုယ်ချစ်ပါ။ ကိုယ့်မိဘကိုယ်ချစ်ပါ။ ကိုယ့်မိသားစုကိုယ် ချစ်ပါ။

#ရှင်ယွန်း