ဆားလင်းကြီးမြို့နယ်တွင် PDF ပဒက်များနှင့် ထိတွေ့မှုဖြစ်ပွား လက်နက်ခဲယမ်များ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြိုနယ်အတွင်း နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေးနှင့် အများပြည်သူများ အေးချမ်းစွာ သွားလာနေထိုင်ရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် PDF ပဒက်များအားတွေ့ရှိသဖြင့် လုံခြုံရေးအဖွဲ့ဝင်များမှ စတင်ပစ်ခတ်ခဲ့ရာ PDF ပဒက်များမှာ ကြောက်ကြောက် လန့်လန့်ဖြင့် ရမ်းသမ်း Pyitခတ် ထွက်ပြေးသွားကြောင်း သိရှိရပါသည်။
ထွက်ပြေးသွားသော ပဒက်များနောက်သို့ လုံခြုံရေးအဖွဲ့များက လိုက်လံ ရှင်းလင်းခဲ့ရာ

  • အိုင်ကွန် ၆ လုံး
  • မှန်ပြောင်း ၁ လက်
  • ရီမုခလုပ် ၁ ခု
  • ကီးပတ်ဖုန်း ၄ လုံး
  • လက်လုပ်ကျည် ၃၈ တောင့်
  • လက်လုပ်လက်ပစ်ဗုံး ၁ လုံး
  • ယမ်းထုတ် ၅ ထုတ်
  • ယမ်းစိမ်း ၁ ဗူး
  • ခဲသီး ၅၀ လုံး ပါ ၁ ဗူး တိုအား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။