ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် CDF/PDF အဖွဲ့ဝင် များအား မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင် များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေး အပ်လျက်ရှိသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ယနေ့နံနက်ပိုင်းတွင်လည်း တမူးမြို့၊ ကလေးမြို့နယ်၊ ကသာမြို့နယ်နှင့် ဝန်းသိုမြို့နယ် တပ်နယ်ခန်းမများ၌ ပြန်လည်ကြိုဆိုလက်ခံခြင်းကို ပြုလုပ်ရာ သက်ဆိုင်ရာ တပ်နယ်မှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာ သူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ ဆိုင်ရာပုဒ်မများနှင့် အသိပညာပေး စကားများကို ရှင်းလင်း ဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန် ခြင်းမရှိခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်၊ ကလေးမြို့နယ်၊ ကသာ မြို့နယ်နှင့် ဗန်းသိုမြို့နယ်တို့မှ CDF\PDF အဖွဲ့ဝင် အမျိုးသား ၅ဦးတို့ကို ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူ များထံသို့ လွှဲပြောင်းအပ်နှံပေးကြသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့မှ ဥပဒေဘောင်အတွင်းသို့ အိန္ဒိယနိုင်ငံထုတ် ၁၂ဗို့သေနတ် ၁လက်၊ ၎င်းကျည်း ၆တောင့် အား အပ်နှံခဲ့သည်။ တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ယနေ့အချိန်ထိ ဥပဒေဘောင် အတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့သူ ၂၈ဦးထိရှိသည်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ပြန်လည်ဝင်ရောက်ခြင်း ပြု မည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထား ပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည် နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြသဖြင့် သက်ဆိုင် ရာ တာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးလျက် ရှိကြောင်း သတင်းရရှိသည်။