တပ်မ​တော်သူနာပြုနှင့်​ဆေးဘက်ပညာတက္ကသိုလ်၌ Best Teacher Award ဆုချီးမြှင့်ပွဲကျင်းပ

တပ်မ​တော်သူနာပြုနှင့် ​ဆေးဘက်ပညာတက္ကသိုလ်ရဲ့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အ​ကောင်းဆုံး နည်းပြဆရာဆု ( Best Teacher Award) ဆုကို ထိုက်ထိုက်တန်တန်ချီးမြှင့်​ခဲ့ပါတယ်။

Best Teacher Award ဆုကို ဆရာ၊ ဆရာမများ အချင်းချင်း အကဲဖြတ်ခြင်းနှင့် ​ကျောင်းသား/​ကျောင်းသူများ၏ အကဲဖြတ်ခြင်းတို့မှ ရရှိလာတဲ့ အမှတ်များထဲကမှ အထူးပြုဘာသာရပ်အလိုက် အ​မှတ်အများဆုံးရရှိတဲ့ ဆရာ/ဆရာမများကို ချီးမြှင့်​ပေးတာလို့ သိရပါတယ်။

တပ်မ​တော် သူနာပြုနှင့်​ဆေးဘက်ပညာတက္ကသိုလ်မှာ လက်ရှိတက်​ရောက်​နေဆဲ စတုတ္ထနှစ် ​ကျောင်းသူတစ်ဦးရဲ့ ရင်တွင်းစကားက​တော့ “သမီးတို့​ကျောင်းက ဆရာ/ဆရာမ​တွေက တော်တယ်၊ နိုင်ငံခြားပြန်​တွေ၊ ပါရဂူ​တွေ ဆိုလည်း အများကြီးပဲ၊ စာသင်ရင်လည်း သူတို့ရဲ့ အ​တွေ့အကြုံ​တွေ ဗဟုသု​တ​တွေနဲ့ ဆက်စပ်ပြီးသင်ပြ​တော့ နားလည်လွယ်တာ​ပေါ့၊ ဒီလိုတက္ကသိုလ်မျိုးမှာ တက်ရတာ ဂုဏ်ယူဖို့​ကောင်းတယ်​လေ”

တတိယနှစ် သင်တန်းသားတစ်ဦးကို ​မေးမြန်းရာမှာ​တော့ “ကျ​နော်တို့ ဆရာ​/ဆရာမ​တွေက တော်ပါတယ်၊ စာသင်​ကောင်းသလို၊ စည်းကမ်းလည်းကြီးတယ်၊ သ​ဘော​ကောင်းသ​လောက် စည်းကမ်း​ဖောက်ရင်လည်း လုံးဝခွင့်မလွှတ်ကြဘူး၊ စာသင်ချိန်​တွေမှာ​တော့ ​ပျော်ဖို့​ကောင်းတယ်၊ လက်​တွေ့ခန်း​တွေမှာကလည်း အဆင့်မြင့်စက်ကိရိယာ​တွေ ရှိ​တော့ တကယ့် လုပ်ငန်းခွင်အတိုင်းကို ​လေ့ကျင့်လို့ရတယ်​လေ”

တပ်မ​တော်သူနာပြုနှင့်​ဆေးဘက်ပညာတက္ကသိုလ်သည် ၂၄-၂-၂၀၀၀ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့တာဖြစ်လို့ ခုဆိုရင် ၂၃ နှစ်ရှိပြီဖြစ်တဲ့ သက်တမ်းရင့် တက္ကသိုလ်တစ်ခုလည်း ဖြစ်ပါတယ်။

တက္ကသိုလ်ရဲ့ ​ဆောင်ပုဒ်ဖြစ်တဲ့ “ကျွမ်းကျင်၊ ကူညီ၊ ​ဆေးစစ်သည်” ဆိုတဲ့အတိုင်း တပ်မ​တော်နှင့် နိုင်ငံ​တော်ရဲ့ ကျန်းမာ​ရေး​စောင့်​စောက်မှု လုပ်ငန်းများအတွက် လိုအပ်တဲ့ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝတဲ့ သူနာပြုနှင့် ​ဆေးဘက်ပညာသည်များ နှစ်စဥ်​မွေးထုတ်​ပေး​နေတဲ့ တက္ကသိုလ်ကြီးတစ်ခုပဲ ဖြစ်ပါတယ်။