ကလေးမြို့နယ်၊ နတ်ကြီးကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ်တွင် PDF ၁ ဦးအား ဖမ်းဆီးရမိ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် ကလေးမြို့နယ်၊ နတ်ကြီးကုန်းကျေးရွာအနီးရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အများပြည်သူများ အေးချမ်းစွာ နေထိုင်ရေးအတွက် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် လူ/ယာဉ် ဝင်ထွက်ခြင်းများအား စစ်ဆေးနေစဉ် ကလေးဝမြို့ဘက်မှ မောင်းနှင်လာသော ခရီသည်ယာဉ်အား စစ်ဆေးခဲ့ရာ ၎င်းယာဉ်ပေါ်တွင် လိုက်ပါသည့် မိုးထက်ကျော်သည် PDF အကြမ်းဖက် အဖွဲ့ဝင် ၁ ဦးဖြစ်ကြောင်း အထောက်အထားများနှင့်တကွ စစ်ဆေးသိရှိရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး ဉပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။