မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

သန့်သန့်လေးနဲ့ ပေးလိုက်ပါ

သူများဆီက
ဘာရမလဲဆိုပြီး မျှော်နေကြလို့
စိတ်ဆင်းရဲရ နေတာပါ ။

ဖြစ်နိုင်ရင် ကိုယ်တိုင်ကလည်း
လိုချင်တဲ့ဘက် ယူတဲ့ဘက်မှာ
မနေတာ အကောင်းဆုံးပါပဲ ။

လိုချင်လို့ မရလာရင်
အလိုမကျမှုတွေ ဖြစ်လာသလို

ကိုယ့်ဆီမရောက်လာရင်
မနာလိုစိတ်တွေ ဝင်လာနိုင်ပါတယ် ။

ဘဝမှာ လိုချင်တာရချင်ရင်
ကိုယ်က အပေးဘက်မှာပဲရှိနေပါ ။

အကျိုးလိုလားတဲ့မေတ္တာပေးရင်
ကိုယ်လည်း အေးချမ်းပါတယ် ။

စိတ်ကောင်းတွေထားပေးရင်
စိတ်ကောင်းသူတွေနဲ့ ဆုံရနိုင်ပါတယ် ။

စွန့်ကြဲခြင်းတွေပေးရင်
အရာရာမှာ အဆင်ပြေနိုင်ပါတယ် ။

ကိုယ်လုပ်ပေးနိုင်တာလေးတွေ
ဖြည့်ဆည်းလုပ်ပေးပြီးတော့
ကောင်းတာတွေနဲ့ပြန်နိုင်ဖို့ကြိုးစားပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏