သမန်းတောကျေးရွာအတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

ဖေဖော်ဝါရီ ၂၄ရက်က မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သမန်းတောကျေးရွာရှိ သံဃာတော်များ၊ နှင့် ဒေသခံပြည်သူများအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါတယ်။ သံဃာတော်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၁၀၉ ဦး တို့ကို သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး မကွေးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်အားပေးခဲ့ကြောင်း သတင်းရရှိပါတယ်။