ဝါရင့်အနုပညာရှင်ကြီး ရှုမဝမောင်ယဉ်ထွေးကွယ်လွန်

ဝါရင့်အနုပညာရှင်ကြီးဖြစ်တဲ့ ရှုမဝမောင်ယဥ်ထွေး အသက် ၈၃ နှစ်ဟာဖေဖော်ဝါရီ ၂၃ရက် နံနက် ၁၁ နာရီက လူကြီးရောဂါနဲ့ ကွယ်လွန်
သွားခဲ့တာဖြစ်ပြီးဖေဖော်ဝါရီ ၂၅ ရက် နံနက် ၁၀ နာရီမှာ ရေဝေးသုဿန်မှာ သင်္ဂြိုလ်မယ်လို သိရပါတယ်။

အခုလိုဆုံးပါးသွားတာနဲ့ပတ်သက်ပြီး ဦးအေးကြူလေး “သက်ကြီးရောဂါနဲ့ တောင်ဥက္ကလာနေအိမ်မှာ ဆုံးတာ ရှုမဝက ထွက်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေ အများကြီးကို ရိုက်ခဲ့တယ်မင်းသမီး စန်းစန်းအေးနဲ့တွဲပြီး မောင်ရင်ထွေး၊ စန်းစန်းအေးဆိုပြီး တော်တော်များများ ဇာတ်ကားတွေ ရိုက်ခဲ့ကြတယ် ဦးကြူတိုလည်း စိတ်မကောင်းဘူး” လိုလည်းပြောပါတယ်။