ရွှေကျင်မြို့နယ်အတွင်း အကြမ်းဖက် PDFအဖွဲ့ကပစ်ခတ်သော လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရ/သေဆုံး

ယနေ့ ညနေ ၄ နာရီအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ညောင်ပင်ကြီးကျေးရွာ သို့ အကြမ်းဖက် pdf များ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူ နှစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူများမှာ မတူး (၆၅) နှစ် (ဘ) ဦးကျောက်ဖြူ၊ လယ်လုပ်သူ ၊ညောင်ပင်ကြီးရွာသစ်နေသူ(သေဆုံး) ၊ မသူဇာနွယ် (၃၅)နှစ်(ဘ) ဦးစိုးသိန်း၊လယ်လုပ်သူ၊ ညောင်ပင်ကြီးရွာသစ်နေသူ (သေဆုံး)တို့ဖြစ်ကြောင်းနှင့် ဒဏ်ရာရရှိသူ မဖြူသွယ်နှင်း (၃၂) နှစ် (ဘ) ဦးပန်းကျော်၊ လယ်လုပ်သူတွင် ဘယ်ဘက်နံရိုးအောက်ဘေးပေါက်ဝင် အစထိမှန် ပေါက်ထွက် (၁) ချက်၊ ညာဘက် ပုခုန်း (၂) ချက်(မစိုးရိမ်ရ) အား ကျေးရွာသူ/သားများမှ ကျေးရွာဘုန်းကြီးကျောင်း မော်တော်ယာဉ်ဖြင့်ရွှေကျင်မြို့၊ ကျွဲတဲရပ်ကွက်ရှိ ကုတင် (၁၀၀) ပြည်သူဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရပါတယ်။
သေဆုံးသူများကျေးရွာမှမီးသဂြိုလ်ပြီးစီးသွားသည်အထိ ရွာတွင်း Pdf ၂၀ ဦးခန့်ရှိနေသောကြောင့် သေဆုံးသူတို့၏ ဓာတ်ပုံများ ရိုက်ခွင့်မရခဲ့ကြောင်း သိရှိရပါတယ်။