ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်နေသူများဖမ်းမိ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ကျေးရွာအနီးတွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် ပခုက္ကူ-မြိုင်ကားလမ်းတွင် အများပြည်သူများ အေးချမ်းစွာ သွားလာနေထိုင်ရေးအတွက် လူ/ယာဉ်ဝင်ထွက်များ စစ်ဆေးနေစဉ် ပခုက္ကူမြို့ဘက်မှ မြိုင်ဘက်သို့ လမ်းလျှောက်ထွက်လာသော ကျော်ဇော်ဟိန်းနှင့် ရဲလင်းအောင်တို့အား စစ်ဆေးခဲ့ရာ PDF အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်နေကြောင်း သိရှိရသဖြင့် လုံခြုံရေးအဖွဲ့များက ဖမ်းဆီးစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါ တရားခံ ၂ ဦးအား စစ်ဆေးမေးမြန်းခဲ့ရာ ဆက်စပ်တရားခံ ဖြစ်သည့်ဖိုးသင်္ကြန်မှာ PDF အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်နေကြောင်း သိရှိရသဖြင့် ပခုက္ကူမြို့၊ အမှတ်(၃) ရပ်ကွက်တွင် နေထိုင်သော ၎င်းနေအိမ်သို့ သွားရောက်ဖမ်းဆီးခဲ့ပြီး ဉပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။