ထပ်ဆင့် အကယ်ဒမီ သီဟတင်စိုး နှလုံးရောဂါဖြင့် ကွယ်လွန်

ရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုးသည် ယနေ့ ဖေဖေါ်ဝါရီလ (၂၁) ရက်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပါတယ်။

အကယ်ဒမီ သီဟတင်စိုးသည် ယနေ့ နံနက်ပိုင်းတွင် နှ လုံးရောဂါဖောက်ခဲ့သည့်အတွက်အတွက် သင်္ဃန်းကျွန်း စံပြဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်းသိရပါတယ်။

“ထပ်ဆင့်အကယ်ဒမီ ကိုသီဟတင်စိုး နှလုံးရောဂါနဲ့ ယ နေ့ကွယ်လွန်သွားကြောင်း သိရလို့ ကျန်ရစ်သူမိသားစုဝင်တွေနဲ့အတူ အထူးဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါတယ်” ဟု သရုပ်ဆောင် ဝေဠုကျော်ကလည်း လူမှုကွန်ရက်တွင်ရေးသားထားသည်။