ဂျပန်ဝန်ကြီးချုပ်ဟောင်းနှင့် ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ တို့အား ဂုဏ်ထူးဆောင်ဘွဲ့များ ဂုဏ်ပြုချီးမြှင့် 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် သည် ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေးအတွက် စွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်ခဲ့ကြ သည့် ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့် အပ်နှင်းခဲ့ပါတယ်။
အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းခြင်း အခမ်းအနားသို့ အကြောင်း အမျိုး မျိုးကြောင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း တက်ရောက် ရယူနိုင်ခဲ့ခြင်း မရှိဘဲ အဝေးရောက် လက်ခံယူမည့် ဘွဲ့ခံပုဂ္ဂိုလ်များရှိခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများက သွားရောက်ချီးမြှင့် အပ်နှင်းခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့တွင်လည်း ဂုဏ်ထူးဆောင်တံဆိပ်နှင့် အဆောင်အယောင်များ ချီးမြှင့် ခြင်းကို နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ပြုလုပ်ရာ အခမ်း အနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် တာဝန်ရှိသူများ၊ Japan-Myanmar Association Chairman ဖြစ်သူ H.E. Mr. HIDEO WATANABE နှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေးအတွက် စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့် စွမ်းဆောင်မှုဆိုင်ရာဘွဲ့တံဆိပ်ရရှိခဲ့သည့် Japan-Myanmar Association Chairman ဖြစ်သူ H.E. Mr. HIDEO WATANABE ထံ သီရိပျံချီ ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်ကို လက်ရောက်ချီးမြှင့်အပ်နှင်းသည်။
ယင်းနောက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေး အတွက် စွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ရရှိခဲ့သည့် ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း Mr. Taro Aso အား သရေစည်သူဘွဲ့ တံဆိပ်နှင့် အဆောင်အယောင်ကို ချီးမြှင့်အပ်နှင်းရာ Japan-Myanmar Association Chairman ဖြစ်သူ H.E. Mr. HIDEO WATANABE က ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း ကိုယ်စားလက်ခံရယူခဲ့ပါသည်။
H.E. Mr. HIDEO WATANABE က အခုကဲ့သို့ဘွဲ့တံဆိပ်ကို ချီးမြှင့်ခြင်းအတွက် ဝမ်းမြောက် ဂုဏ်ယူပါကြောင်းနှင့် အနာဂတ်တွင် ယခုဘွဲ့တံဆိပ်နှင့် ကိုက်ညီသည့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ယခုထက်ပိုမိုတိုးတက် အောင် ဆောင်ရွက်သွားမည်ဟု ကတိပြုပြောကြားလိုပါကြောင်း၊ ဝန်ကြီးချုပ်ဟောင်း အတွက်ဂုဏ်ပြုသည့် ဘွဲ့တံဆိပ်ကို ပေးအပ်မှုအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် ၎င်းအနေဖြင့် ကိုယ်တိုင်လက်ခံရယူလိုသော်လည်း လက်ရှိအချိန်တွင် ဂျပန်နိုင်ငံ၌ လွှတ်တော်ရွေးကောက်ပွဲရှိခြင်းကြောင့် လာရောက်နိုင်ခြင်းမရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း ကျေးဇူးတင်ရှိပါ ကြောင်းကို အမှာစကားပါးလိုက်ပါကြောင်း၊ ယခင်အတိတ်က ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံကို ကူညီဆောင်ရွက်မှုများကို ဆန်းစစ်၍ ယခုအချိန်တွင်လည်း ဆက်လက်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ့တပ်မတော်၏ ရပ်တည်မှုအတွက် မိမိအသက်ရှင်သန် နေသည့်အချိန်အထိ ရာသက်ပန်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ပြီး အခမ်းအနားတက် ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သိရှိရပါတယ်။