တောင်ကုတ်မြို့တွင် ဆရာတော်သံဃာတော်များက ကျောင်းဆောင်တော် ဖွင့်ပွဲပြုလုပ်

 ပိဋကတ်သုံးပုံ ပါဠိတော်ကျမ်းစာများကို အဋ္ဌကထာကျမ်းစာများ၊ ဋီကာကျမ်းစာများနှင့်တကွ အာဂုံပြန်ဆိုနှင့် သဘောရေးဖြေ ဖြေဆိုအောင်မြင်တော် မူသည့် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက သုတဗုဒ္ဓ ဆရာတော်ကြီး ၈ ပါးတို့အား ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့ရှိ မဟော်သဓာအခမဲ့ ကိုယ်ပိုင် အထက်တန်းကျောင်းခန်းမ၌ ပြုလုပ်ရာ (၆)ပါးမြောက် ဆဋ္ဌတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ရေစကြို ဆရာတော် ဘဒ္ဒန္တ ဝါယာမိန္ဒာဘိဝံသ အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး နုမောဒနာ တရားနာကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြတယ်လို့သိရပါတယ်။