အမေရိကန်၏အရေးယူပိတ်ဆို့မှုများက ရုရှား-အိန္ဒိယဆက်ဆံရေးကို ပိုမိုနီးကပ်စေ

ရုရှားနိုင်ငံနှင့်   အိန္ဒိယနိုင်ငံတို့ကြား ဆက်ဆံရေးသည် အမေရိကန်၏ ရုရှားနိုင်ငံအပေါ်ချမှတ်သော အရေးယူပိတ်ဆို့မှု များကြောင့် ပိုမိုနီးကပ်လာစေကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။

ဆက်ဆံရေးနီးကပ်မှုအကြောင်းပြောရမယ်ဆိုရင်  စွမ်းအင်ကဏ္ဍမှာပူးပေါင်းဆောင်ရွက်မှု၊ မိမိတို့အနေနဲ့ လောင်စာဆီများရောင်းချပေးနိုင်မှုတို့က အလွန်ကိုပဲတိုးတက်လာတာတွေ့ရမှာပါ။   ဒါကိုကြည့်ခြင်းအားဖြင့် မိမိတို့ကိုနစ်နာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ချမှတ်ထားတဲ့ အမေရိကန်ရဲ့အရေးယူပိတ်ဆို့မှုများဟာ ပြောင်းပြန်ရလဒ်ကိုသာထွက်ပေါ်စေပြီး မိမိတို့နိုင်ငံနဲ့အိန္ဒိယနိုင်ငံတို့ကြား ကုန်သွယ်မှုတိုးတက်စေရေးအတွက် ဓာတ်ကူပစ္စည်းသာဖြစ်လာပါတယ်ဟု ရုရှားသံအမတ်ကြီး ဒန်းနစ်အလီပေါ့ကပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံနှင့်  အိန္ဒိယနိုင်ငံတို့ကြား ဆက်ဆံရေးတိုးတက်မှု၏ပြယုဂ်များကို ဆောက်လုပ်ရေးကဏ္ဍ၊ ရေနံဓာတုလုပ်ငန်း၊ မီးရထားလုပ်ငန်း၊ အကြီးစားစက်မှုလုပ်ငန်းတို့တွင်မြင်တွေ့နိုင်မှာဖြစ်သလို သတ္တုတွင်း၊ စိုက်ပျိုးရေးနှင့် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာများကဏ္ဍများ၌ တိုးတက်မှုများသည် နှစ်နိုင်ငံကြားခိုင်မာသောပူးပေါင်းဆောင်ရွက်မှု၏ သက်သေများပင်ဖြစ်ပြီး ၊ ယခုကဲ့သို့သောအခြေအနေမျိုး ရုရှား-အိန္ဒိယဆက်ဆံရေးတိုးတက်မှုသည်  သမိုင်းတစ်လျှောက် မည်သည့်အခါတွင်မျှ မရှိခဲ့ဖူးကြောင်း ရုရှားသံအမတ်ကြီးကပြောကြားခဲ့တယ်လို့သိရှိရပါတယ်။