ကျောက်ကြီးမြို့နယ်တွင် KNU အဖွဲ့ထောင်ထားသည့် နင်းမိုင်း ၁ လုံး ပေါက်ကွဲမှုကြောင့် ခရီးသွားပြည်သူတစ်ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်၌ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် ပီဒီအက်(ဖ်) အကြမ်းဖက်သမားများ ထောင်ထားသည့် နင်းမိုင်း ၁ လုံး ပေါက်ကွဲမှုကြောင့် ခရီးသွားပြည်သူတစ်ဦးဒဏ်ရာရခဲ့ကြောင်းသိရသည်။

ကျောက်ကြီးမြို့၊ ပဲခူးရပ်ကွက်နေ ဦးမင်းအောင် (၂၈) နှစ်သည် နတ်သံကွင်းရွာဘက်သို့ ကျောက်ကြီး-နတ်သံကွင်းသွားကားလမ်းအတိုင်း ဆိုင်ကယ်ဖြင့် တစ်ဦးတည်းမောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၁၁ မိုင် ၁ ဖာလုံ၊ နောင်ကုန်းကျေးရွာအနီး စစ်ပင်ကွန်ကရစ်တံတားအား ရှောင်ကွင်းသည့် မြေသားလမ်းပေါ်အရောက်တွင် KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် ပီဒီအက်(ဖ်) အကြမ်းဖက်သမားများ ထောင်ထားသည့် နင်းမိုင်း ၁ လုံး ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဦးမင်းအောင်တွင် ဝဲခြေကျင်းဝတ်ပြတ်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေရကြောင်းသိရသည်။