Mizzima News Facebook Page မှ သတင်းအား Fact Check သတင်းမှန်ပြန်ကြားခြင်း

Mizzima News Facebook Page တွင် ကယားပြည်နယ်တွင် တပ်မ ၆၆ နှင့် ကရင်နီသူပုန်များ တိုက်ပွဲဖြစ်ပွားပြီး တပ်မမှူး ဗိုလ်မှူးချုပ်မျိုးမင်း ဒဏ်ရာရှိ ဆိုတဲ့ သတင်းနှင့်ပတ်သက်ပြီး သတင်းမှန် ပြန်ကြားခြင်း ဖြစ်ပါတယ်။

ပထမအချက်။ ၎င်းတို့သတင်းထဲမှာပါဝင်တဲ့ ဗိုလ်မှူးချုပ် မျိုးမင်း ဟာ အခုအချိန်မှာ ရာထူးတိုး တာဝန်ထမ်းဆောင်နေတာ ၁ နှစ်ကျော်ကြာပြီဖြစ်ပါတယ်။

ဒုတိယအချက်။ တပ်ရင်းမှူး တစ်ဦးကျဆုံးပြီး ၃ ဦးဒဏ်ရာရတယ်ဆိုတာ သတင်းအမှားသာဖြစ်ပြီး တပ်ရင်းမှူးအားလုံး ရှေ့တန်းတာဝန်များထမ်းဆောင်လျက် ရှိပါတယ်။

တတိယအချက်။ တပ်မတော်နှင့် ကရင်နီသူပုန်များတိုက်ပွဲဖြစ်တယ်ဆိုတာ မှန်ပါတယ်၊ ၂ ဖက် အကျအဆုံးရှိပြီး၊ အခုလက်ရှိ ကြည်း/လေ ပူးပေါင်းပြီး သူပုန်များကို လိုက်လံတိုက်ခိုက်လျက် ရှိပါတယ်။

ဓာတ်ပုံ။ ဓာတ်ပုံအဟောင်းများအသုံးပြုထားပြီး၊ အချို့ဓာတ်ပုံမှ တပ်မတော် အဆောင်အယောင် များဟာ ရှေ့တန်းမှာ အသုံးပြုတဲ့ တံဆိပ်များမဟုတ်သလို အချို့အဆင့်များဟာလည်း ရှေ့တန်း စစ်ဆင်ရေးတွင် ပါဝင်သူများမဟုတ်ပါ။

#တပ်မတော်သားများနှင့် ပြည်သူများအား သတင်းအမှန်သိစေရန် တင်ပြလိုက်ရပါတယ်။

မှတ်ချက်။ တပ်မတော်မှ လေကြောင်းပစ်ကူယူပြီး တိုက်ခိုက်ပါက ၎င်းတို့အပေါင်းပါ PDF များ စိတ်ဓာတ်ကျဆင်းမှုမရှိစေရေး သတင်းအမှားများ ထုတ်လွှင့်လေ့ရှိတာကို နားလည်သဘော ပေါက်ဖို့ လိုပါတယ်။