တူကီယဲအစိုးရက ငလျင်ဒဏ်သင့်ဒေသများ၌ နေအိမ်အလုံး ၃၀၀၀၀ စတင်တည်ဆောက်မည်

တူကီယဲအစိုးရအနေဖြင့် မကြာသေးမီ ကဖြစ်ပွားသော ငလျင်ကြောင့်ဘေးသင့်သွား သည့်ဒေသများ၌ နေအိမ်အလုံး ၃၀၀၀၀ ကို စတင်တည်ဆောက်သွားမည်ဖြစ်ကြောင်း တူကီယဲသမ္မတ ရီဆပ်တေယစ်အာဒိုဂန်က ပြောပါတယ်။

ကျွန်တော်တို့အနေနဲ့ ထိခိုက်ပျက်စီး ဆုံးရှုံးမှုတွေကို  လေ့လာတွက်ချက်ပြီးပြီ ဆိုတာနဲ့ တည်ဆောက်ရေး လုပ်ငန်းများ ကိုစတင်လုပ်ဆောင်မှာပါ။  တည်ဆောက်ရေးလုပ်ငန်းကိုတော့ မတ်လလောက်မှာ စတင်သွားမှာဖြစ်ပြီး ငလျင်ကြောလွတ်တဲ့နေရာမှာ     တည်ဆောက်သွားမှာဖြစ်ပါတယ်ဟု တူကီယဲသမ္မတကပြောပါတယ်။

၁၉၉၉ ခုနှစ်မတိုင်မီ တည်ဆောက်ခဲ့သော နေအိမ်အဆောက်အအုံများအနက် ၉၈ ရာခိုင်နှုန်းမှာ မကြာသေးမီကဖြစ်ပွားသော ငလျင်လှုပ်မှုများကြောင့် ပြိုကျပျက်စီးသွားပြီဖြစ်သည်။

ဖေဖော်ဝါရီ ၆ ရက်နံနက်အစောပိုင်းတွင် လှုပ်ခတ်သောငလျင်ကြောင့် တူကီယဲနှင့် အိမ်နီးချင်း ဆီးရီးယားနိုင်ငံတို့၌ သေဆုံး သူစုစုပေါင်း ၄၀၀၀၀ ကျော်ရှိသွားပြီဖြစ်ကြောင်းသိရပါတယ်။