ကြာအင်းဆိပ်ကြီး-ချောင်းနှစ်ခွလမ်းရှိ ဒါလီချောင်းကူး တံတားအား PDF အမည်ခံ အကြမ်းဖက်သမားများက  မိုင်းထောင်ဖျက်ဆီး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံပုကျေးရွာအနီး ကြာအင်းဆိပ်ကြီး-ချောင်းနှစ်ခွ လမ်းရှိ ဒါလီချောင်းကူးတံတားအား အကြမ်းဖက်မှုကို လိုလားသည့် အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက   မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။

ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ပထမအကြိမ်လာရောက်ဖောက်ခဲ့ပြီး၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်အချိန်တွင် အဆိုပါတံတားသို့ အကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦး ခန့်က ထပ်မံရောက်ရှိလာပြီး ကျန်ရှိနေသည့် တံတားတစ်ခြမ်းအား ထပ်မံမိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သဖြင့် တံတားတစ်ခြမ်းထပ်မံပျက်စီးခဲ့ပြီး လူနှင့်မော်တော်ယာဉ်များ ဖြတ်သန်း သွားလာ၍ မရကြောင်း သိရသည်။

ပျက်စီးသွားသည့် တံတားအား တာဝန်ရှိသူ များက အများပြည်သူပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်မှု ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ  ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။

zawgyi

ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္၊ သံပုေက်း႐ြာအနီး ၾကာအင္းဆိပ္ႀကီး-ေခ်ာင္းႏွစ္ခြ လမ္းရွိ ဒါလီေခ်ာင္းကူးတံတားအား အၾကမ္းဖက္မႈကို လိုလားသည့္ အၾကမ္းဖက္အဖြဲ႕ႏွင့္ PDF အမည္ခံ အၾကမ္းဖက္သမားမ်ားက   မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့ပါတယ္။

ဇန္နဝါရီလ ၂၈ ရက္ေန႔တြင္ ပထမအႀကိမ္လာေရာက္ေဖာက္ခဲ့ၿပီး၊ ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔ နံနက္ ၆ နာရီ ၄၅ မိနစ္အခ်ိန္တြင္ အဆိုပါတံတားသို႔ အၾကမ္းဖက္အဖြဲ႕ အင္အား ၁၀ ဦး ခန႔္က ထပ္မံေရာက္ရွိလာၿပီး က်န္ရွိေနသည့္ တံတားတစ္ျခမ္းအား ထပ္မံမိုင္းေထာင္ေဖာက္ခြဲ ဖ်က္ဆီးခဲ့သျဖင့္ တံတားတစ္ျခမ္းထပ္မံပ်က္စီးခဲ့ၿပီး လူႏွင့္ေမာ္ေတာ္ယာဥ္မ်ား ျဖတ္သန္း သြားလာ၍ မရေၾကာင္း သိရသည္။

ပ်က္စီးသြားသည့္ တံတားအား တာဝန္ရွိသူ မ်ားက အမ်ားျပည္သူျပန္လည္အသုံးျပဳႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိၿပီး အၾကမ္းဖက္မႈ က်ဴးလြန္သူမ်ားအား ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ေရးႏွင့္ နယ္ေျမေဒသတည္ၿငိမ္ေအးခ်မ္းေရးအတြက္ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းမ်ား  ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရွိရပါတယ္။