ပုလောမြို့နယ်၊ ကဒဲကျေးရွာတွင် အကြမ်းဖက်သမားများဖမ်းဆီးထားသည့် အပြစ်မဲ့ပြည်သူ ၁၃ ဦးအား တပ်မတော်မှ ကယ်တင်နိုင်ခဲ့

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက်ပိုင်းတွင်၊ တနင်္သာရီတိုင်း၊ ပုလောမြိုနယ်၊

ကဒဲကျေးရွာတဝိုက်ရှိ အကြမ်းဖက် PDF များကိုလုံခြုံရေးတပ်ဖွဲ့ဝင်များမှ တိုက်ခိုက်ရှင်းလင်းခဲ့ပါတယ်။

တိုက်ခိုက်ရှင်းလင်းစဉ်အတွင်း အကြမ်းဖက်သမားများမှာ မတရားဖမ်းဆီးထားသည့် အပြစ်မဲ့ပြည်သူ ၁၃ ဦးကိုလည်း

လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကယ်တင်နိုင်ခဲ့ပြီး အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများကိုလည်း

သိမ်းပိုက်ရရှိခဲ့ပါတယ်။ အကြမ်းဖက်သမားများအနေဖြင့် အပြစ်မယ့်ပြည်သူများကို မတရားဖမ်းဆီးနှိပ်စက်ပြီး

အတင်းအဓမ္မ ငွေကြေးကောက်ခံမှုများလည်း ပြုလုပ်လျက်ရှိကြောင်းလည်း ပြည်သူများထံမှ သိရှိခဲ့ရပါတယ်။