❝ တန်ရာတန်ရာပဲ ဆက်ဆံလိုက်ပါ ❞

တချိုလူတွေရှိတယ် ငြိမ်ခံနေတုန်းကမမြင်ဘူး။
ထပြောမိမှ ကိုယ်ကစွာတယ်ဆိုတာမျိုး။
တချိုလူတွေရှိတယ်
ခေါင်းပေါ်တက်နင်းခံရတာမသိဘူး။
ဆတ်ဆတ်ထိမခံပြန်ပြောလိုက်မှ
ကိုယ်က အာကြမ်းတယ်ဆိုတာမျိုး။
တချိုလူတွေရှိတယ်
မသိချင်ယောင်ဆောင်နေတာကို အားမနာဘူး။
ဒဲ့ပြောလိုက်မှ ကိုယ်ကလူကြမ်းတစ်ယောက်ဆိုတာမျိုး။
တချိုလူတွေရှိတယ်
တသက်လုံးသည်းခံလာတာကို မစာနာကြဘူး။
ထပေါက်ကွဲမိမှ ကိုယ်ဟာမကောင်းဘူးဆိုတာမျိုး။
တချိုလူတွေရှိတယ်
အတွင်းစိတ်ကိုမြင်အောင်မကြည့်တတ်ကြဘူး။အပေါ်ယံကောင်းပြတာကိုမှ
အဟုတ်ထင်တတ်ကြတာမျိုး။
တချိုလူတွေရှိတယ်
စစ်မှန်တယ်ဆိုတာကို မတွေ့တတ်ကြဘူး။
ဟန်ဆောင်တတ်တဲ့လူကိုမှ
အမှန်အကန်ထင်တတ်ကြတာမျိုး။
တချိုလူတွေရှိတယ်
ကိုယ်ချင်းစာ တရားဆိုတာမရှိကြဘူး။
ဘယ်သူသေသေ ငတေမာရင်ပြီးရော
စိတ်နဲ့တစ်ဖက်သားစိတ်ကို အသေသတ်ပစ်ကြတာမျိုး။
တချိုလူတွေရှိတယ်
ရင်းနှီးချင်ယောင်ဆောင်ပြီးမထိတထိ
စော်ကားတဲ့ စကားပြောတတ်ကြတာမျိုး။
တချိုလူတွေရှိတယ်
ကိုယ်တိုင်မလုပ်နိုင်တဲ့အရာကို
တစ်ပါးလူလုပ်လိုက်မှ ဝေဖန်ရေးလုပ်တတ်တာမျိုး။
တချိုလူတွေရှိတယ်
အစွမ်းအစမရှိဘဲ အပြစ်ပြောဖို
သက်သက်လူဖြစ်လာတာမျိုး။
ဒါကြောင့် အကောင်းမြင်စိတ် အကောင်းမြင်ဝါဒကို
မကျင့်သုံးတတ်ဘဲ အသက်ရှင်နေတဲ့ တချိုလူတွေအတွက် စိတ်ကသိကအောက်ဖြစ်ဖိုမလိုဘူး။
တန်ရာတန်ရာပဲ ဆက်ဆံပေးလိုက်ပါ။