မင်္ဂလာဒုံ အမှတ် ၃ လမ်းမပေါ်မှာ ကားသုံးစီးဆင့်တိုက် ၂ ဦးသေဆုံး

ရန်ကုန် မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၃)လမ်းမကြီးပေါ် ကား ၃ စီးဆင်းတိုက်လို့ ၂ ဦးသေဆုံး သွားတယ်လို့ ပုလဲအရန်မီးသတ်မှသိရပါတယ်။

မင်္ဂလာဒုံမြို့နယ်၊အ မှတ်(၃)လမ်းမကြီးပေါ်ရှိ ညောင်ပင်မှတ်တိုင်အနီးတွင်တက္ကစီကား၊ Hijet ကားနှင့်ဖယ်ရီကားတို့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ည ၁၀ နာရီ ခန့်က တိုက်မိမှု ဖြစ်ပွားခဲ့တာပါ။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်အတွင်း Hijet ကားပေါ်လိုက်ပါလာသူ ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရရှိခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူ ၂ ဦး၏ရုပ်အလောင်းများနှင့်ထိခိုက်ဒဏ်ရာရရှိသူတို့အား ပုလဲအရန်မီး သတ်တပ်ဖွဲ့မှ မေဓာဝီဆေးရုံသို့ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။