အကြွေး

ငွေနဲ့ပက်သက်ပြီး သစ္စာရှိပါ။ သူတစ်ပါးဆီက တစ်ကျပ်ယူထားရင်
တစ်ကျပ်ပြန်ပေးပါ။ မရှိသေးဘူးဆိုရင် ရှိအောင်လုပ်ပါ…။


မပေးနိုင်သေးဘူးဆိုရင် ပေးနိုင်အောင်လုပ်ပါ။
အများကြီး ယူထားပြီး အားလုံးကိုပြန်မဆပ်နိုင်လျှင်တောင်
နည်းနည်းချင်း ခွဲဆပ်ပါ။


ကိုယ်ယူထားတာ ပေးရမယ့် အချိန်ရောက်ရင် တောင်းစရာ မလိုဘဲ ပေးပါ ။
အဆင်မပြေဘူးဆိုတဲ့ တစ်ခုထဲ အဆင်မပြေတဲ့ အကြောင်းပြချက်
ခဏ…ခဏ…..မပြောမိစေနဲ့။


ဘာဖြစ်လို့ အခုလိုပြောနေရတာလဲ။ အကြောင်းရှိပါတယ်…
အရမ်းလည်း အဓိပ္ပါယ်ရှိပါတယ်။ ကိုယ်ယူထားတဲ့ငွေဟာ
သူတစ်ပါး အနေနဲ့ သူ့ရဲ့ကြိုးစားမှုနဲ့ ရထားတာပါ ။


သူ့ရဲ့ ကိုယ်စွမ်း/ဥာဏ်စွမ်းနဲ့ ခက်ခက်ခဲခဲ ရှာဖွေထားရတာပါ။
သင် သူတစ်ပါးဆီက ယူထားတဲ့ငွေဟာ ချွေးစက်တွေနဲ့
ရှာထားတာလည်း ဖြစ်နိုင်ပါတယ်။ မအိပ်မနေ ညနက်သန်းခေါင်အထိ
ရှာဖွေထားတာလည်း ဖြစ်နိုင်တယ်။


သူ့ကိုယ်ကျိုးအတွက် မသုံးစွဲရက်ဘဲ ယုံကြည်မှုနဲ့ ကိုယ့်ကိုပေးခဲ့ခြင်းဖြစ်တယ်
အဲဒီယုံကြည်မှုကို ဘယ်တော့မှ လွယ်လွယ်လေး မချိုးဖျက်မိပါစေနဲ့။
ကိုယ်ပိုက်ဆံချေးထားတဲ့သူက ချမ်းသာနေလို့ အဆင်ပြေနေလို့
ပြန်မပေးဘဲနေလို့ မရပါဘူး ။


သူချမ်းသာတာက သူ့ကြိုးစားမှုနဲ့ သူ့အပိုင်း… ကိုယ်ယူထားတာက ကိုယ့်အပိုင်းပါ။
ပိုင်းရှင်မတောင်းသေးလို့ မပေးသေးဘူးဆိုပြီး မနေပါနဲ့ ကိုယ့်မှာရှိနေရင် ပြန်ပေးလိုက်ပါ
ယခုဘဝအကြွေးက နောင်ဘဝ ဝဋ်ကြွေးဆပ်ရမယ်။


ငွေအပေါ်သစ္စာရှိဖို့ လိုပါတယ်…ငွေအပေါ်သစ္စာရှိမှ ငွေကလည်း ကိုယ့်အပေါ်သစ္စာရှိမှာပါ။
သူးများ ပိုက်ဆံကို ပြန်ပေးဖို့ ဆန္ဒမရှိတဲ့ နေ့ကစ၍ သင်ဘာလုပ်လုပ်
အဆင်မပြေတော့ဘူးဆိုတာ သိထားလိုက်ပါ။


သူတစ်ပါးငွေကြေး ပစ္စည်းဥစ္စာကို ချေးငှားပြီး ပြန်မဆပ်တဲ့သူဆိုတာ
ယခုဘဝရော လာမည့်ဘဝတွေ အထိပါ ပြောင်ပြောင်ရောင်ရောင် မရှိဘဲ
ဆင်းရဲနေမှာပဲ……..။

credit

မူရင်းတင်သူအားလေးစားစွာဖြင့်