ကျောက်ပန်းတောင်းမြို့နယ် မြိုင်သာယာကျေးရွာတွင် ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ဈေးကုန်းကျေးရွာအုပ်စု မြိုင်သာယာကျေးရွာတွင် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ရောက်ရှိနေသော တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့သည်ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် (၈) နာရီမှစတင်၍ ဒေသခံပြည်သူများ၏ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် ကလေးရောဂါများ၊ အမျိုးသမီးသားဖွားမီးယပ်ရောဂါများနှင့် အထွေထွေရောဂါများကို စစ်ဆေးကုသပေးလျက်ရှိရာ အဆိုပါဆေးကုသရာသို့ မိတ္ထီလာတပ်နယ်မှ တာဝန်ရှိသူများ၊ ကျောက်ပန်းတောင်းမြို့နယ်မှ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းဝင်များက လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် မြိုင်သာယာကျေးရွာရှိ ပြည်လုံးချမ်းသာဘုန်းတော်ကြီးကျောင်းတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသော တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ဆေးပညာရှင်များအား မိတ္ထီလာတပ်နယ်မှူး ဗိုလ်မှူးကြီးသန်းနိုင်စိုးနှင့် နယ်မြေခံတပ်နယ်မှ တာဝန်ရှိ သူများက လာရောက်တွေ့ဆုံ၍ ဆေးကုသပေးနေမှုလုပ်ငန်းများနှင့် ဆေးကုသမှုခံယူရန် ရောက်ရှိနေကြ သည့် ဒေသခံပြည်သူများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့အပြင် ကျောက်ပန်းတောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစု စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် ရောက်ရှိနေကြသည့် ဒေသခံပြည်သူများအား ခရီးဦးကြိုပြု နေရာချထားခြင်း၊ လိုအပ်သည်များ ပံ့ပိုးကူညီခြင်းနှင့် ထမင်းဘူးများ/ ရေသန့်ဘူးနှင့် မုန့်များ ဝေငှခြင်းမျာကို ကူညီအားဖြည့်ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့အနေဖြင့် နံနက် (၈) နာရီမှ ညနေ (၄) နာရီအချိန်အထိ မျက်စိခွဲစိတ်ကုသခြင်း(၁၀၈)ဦး၊ အရိုးအကြောကုသခြင်း (၂၂၉) ဦး၊ နားနှာခေါင်း၊ လည်ချောင်း ကုသခြင်း(၅၀)ဦး၊ သွားနှင့်ခံတွင်းကုသခြင်း (၉၀) ဦး၊ သားဖွားမီးယပ်ကုသခြင်း (၃၇) ဦး၊ ကလေး ကျန်းမာရေးကုသခြင်း (၂၂) ဦးနှင့် အထွေထွေရောဂါ (၃၇၅) ဦး စုစုပေါင်းဒေသခံပြည်သူ(၉၁၁)ဦးတို့အား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

zawgyi

မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ေဈးကုန္းေက်း႐ြာအုပ္စု ၿမိဳင္သာယာေက်း႐ြာတြင္ ေဒသခံျပည္သူမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈေပးရန္ ေရာက္ရွိေနေသာ တပ္မေတာ္နယ္လွည့္ ေဆးကုသေရးအဖြဲ႕သည္ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔ နံနက္ (၈) နာရီမွစတင္၍ ေဒသခံျပည္သူမ်ား၏ မ်က္စိ၊ နား၊ ႏွာေခါင္း၊ လည္ေခ်ာင္းႏွင့္ ကေလးေရာဂါမ်ား၊ အမ်ိဳးသမီးသားဖြားမီးယပ္ေရာဂါမ်ားႏွင့္ အေထြေထြေရာဂါမ်ားကို စစ္ေဆးကုသေပးလ်က္ရွိရာ အဆိုပါေဆးကုသရာသို႔ မိတၳီလာတပ္နယ္မွ တာဝန္ရွိသူမ်ား၊ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္မွ တာဝန္ရွိသူမ်ားႏွင့္ လူမႈေရးအသင္းဝင္မ်ားက လိုအပ္သည္မ်ား ပံ့ပိုးကူညီ ေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။

ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ၿမိဳင္သာယာေက်း႐ြာရွိ ျပည္လုံးခ်မ္းသာဘုန္းေတာ္ႀကီးေက်ာင္းတြင္ က်န္းမာေရး ေစာင့္ေရွာက္မႈေပးေနေသာ တပ္မေတာ္နယ္လွည့္ေဆးကုသေရးအဖြဲ႕မွ တာဝန္ရွိသူမ်ားႏွင့္ ေဆးပညာရွင္မ်ားအား မိတၳီလာတပ္နယ္မႉး ဗိုလ္မႉးႀကီးသန္းႏိုင္စိုးႏွင့္ နယ္ေျမခံတပ္နယ္မွ တာဝန္ရွိ သူမ်ားက လာေရာက္ေတြ႕ဆုံ၍ ေဆးကုသေပးေနမႈလုပ္ငန္းမ်ားႏွင့္ ေဆးကုသမႈခံယူရန္ ေရာက္ရွိေနၾက သည့္ ေဒသခံျပည္သူမ်ားအား လွည့္လည္ၾကည့္ရႈအားေပးခဲ့ၾကသည္။ ထို႔အျပင္ ေက်ာက္ပန္းေတာင္း ၿမိဳ႕နယ္ စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဥကၠ႒၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးသန္းလြင္ႏွင့္ အဖြဲ႕ဝင္မ်ား၊ ဌာနဆိုင္ရာမ်ား၊ ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ႏွင့္ အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန မိသားစု စည္းကမ္းထိန္းသိမ္းေရးေကာ္မတီဥကၠ႒ ေဒၚႏွင္းႏွင္းေဝႏွင့္ အဖြဲ႕ဝင္မ်ား၊ ၿမိဳ႕နယ္ၾကက္ေျခနီ တပ္ဖြဲ႕ဝင္မ်ားက က်န္းမာေရးေစာင့္ေရွာက္မႈခံယူရန္ ေရာက္ရွိေနၾကသည့္ ေဒသခံျပည္သူမ်ားအား ခရီးဦးႀကိဳျပဳ ေနရာခ်ထားျခင္း၊ လိုအပ္သည္မ်ား ပံ့ပိုးကူညီျခင္းႏွင့္ ထမင္းဘူးမ်ား/ ေရသန႔္ဘူးႏွင့္ မုန႔္မ်ား ေဝငွျခင္းမ်ာကို ကူညီအားျဖည့္ေဆာင္႐ြက္ေပးခဲ့ၾကသည္။

အဆိုပါ တပ္မေတာ္နယ္လွည့္ေဆးကုသေရးအဖြဲ႕အေနျဖင့္ နံနက္ (၈) နာရီမွ ညေန (၄) နာရီအခ်ိန္အထိ မ်က္စိခြဲစိတ္ကုသျခင္း(၁၀၈)ဦး၊ အ႐ိုးအေၾကာကုသျခင္း (၂၂၉) ဦး၊ နားႏွာေခါင္း၊ လည္ေခ်ာင္း ကုသျခင္း(၅၀)ဦး၊ သြားႏွင့္ခံတြင္းကုသျခင္း (၉၀) ဦး၊ သားဖြားမီးယပ္ကုသျခင္း (၃၇) ဦး၊ ကေလး က်န္းမာေရးကုသျခင္း (၂၂) ဦးႏွင့္ အေထြေထြေရာဂါ (၃၇၅) ဦး စုစုေပါင္းေဒသခံျပည္သူ(၉၁၁)ဦးတို႔အား က်န္းမာေရးေစာင့္ ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးခဲ့ေၾကာင္းသိရသည္။