မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေးသစ်တည်ဆောက်မှု ၆၈ ရာခိုင်နှုန်းခန့်ပြီးစီး

ဈေးသစ်တည်ဆောက်ရေးလုပ်ငန်းဖြစ်သည့် မြေညီထပ်နေရာ၌ အဆင့်မြင့်ဈေးဆိုင်ခန်းများ၊ ဘဏ်များနှင့် စားသောက်ဆိုင်များကိုပါ ထည့်သွင်းတည်ဆောက်မည်ဖြစ်ပြီး  မြေအောက်ထပ်နှစ်ထပ်အပါအဝင် အထပ်မြင့်  ခြောက်ထပ်မှ  ၁၃ ထပ်အထိ ယာဉ်အစီးရေ ၇၀၀ ကျော်ရပ်နားနိုင်မည့် ယာဉ်ရပ်နားရာ ကားပါကင်နေရာ ပါဝင်တည်ဆောက်မည်ဖြစ်သည်။ ထို့ပြင် အထပ်မြင့်ကိုးထပ်နှင့် ၁၀ ထပ်တို့၌ ဆိုင်ခန်းများနှင့်ကုန်လှောင်ရုံများ ပါဝင်မည်ဖြစ်ပြီး အထပ်မြင့် ၁၁ ထပ်မှ ၁၃ ထပ်အထိ ရုံးခန်းများ ထည့်သွင်းတည်ဆောက်မည်ဖြစ်ကြောင်း၊ စီမံကိန်းအတွင်းရှိ ဆောက်လုပ်ရေးကုမ္ပဏီမှရရှိမည့် အထပ်မြင့် ငါးထပ်မှ ရှစ်ထပ်အထိ ကို ဆိုင်ခန်းပေါင်း ၁၀၀၀ ကျော်ထည့်သွင်းတည်ဆောက်မည်ဖြစ်ပြီး   မြေညီထပ်မှ အထပ်မြင့်လေးထပ်အထိကို ယခင်မင်္ဂလာဈေးမီးလောင်မှုကြောင့် ဈေးအတွင်း ဆိုင်ခန်းများငှားရမ်းကာ   ရောင်းချနေကြသည့်ဈေးသူ၊ ဈေးသားများအတွက်  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဆိုင်ခန်းနေရာများစီမံခန့်ခွဲကာ ပြန်လည်နေရာချထားပေးမည်ဖြစ်ကြောင်း   သိရသည်။

ယခုအခါ    စီမံကိန်းလုပ်ငန်းခွင်ရှိ မြေအောက်ထပ်အပါအဝင်   အဆင့်မြင့်မင်္ဂလာဈေးသစ် တည်ဆောက်ရေး လုပ်ငန်းရှိ အဆောက်အအုံတစ်ခုလုံးကို ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင်ပြီးစီးရန် လျာထားကြောင်း သိရသည်။