နာရေးကူညီမှုအသင်း(ရန်ကုန်) တနင်္လာနေ့ လုပ်အားပေး အသင်းသူ/သားများက ပဲပြုတ်နဲ့ နံပြား ကျွေးမွေးလှူဒါန်း

ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ အများပြည်သူကို ကူညီနေတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) တနင်္လာနေ့ လုပ်အားပေး အသင်းသူ/သားများက ပဲပြုတ်နဲ့ နံပြား ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရပါတယ်။

အများပြည်သူများအတွက် နေ့စဉ်ကူညီပေးလျှက်ရှိသော နာရေးကူညီမှု အသင်း(ရန်ကုန်)၏စေတနာ့ဝန်ထမ်းများ ၊ စေတနာ့လုပ်အားပေးအသင်းသား၊ အသင်းသူများအတွက်အာဟာရဒါနများကို ကျွေးမွေးလှူဒါန်းခဲ့တာဖြစ်ပါတယ်။

ယင်းအပြင် တနင်္လာနေ့လုပ်အားပေး အသင်းသူ ဒေါ်စုစုလွင် မှ မွေးနေ့အလှူအဖြစ် မုန့်ဖက်သုပ်ကိုလည်း နံနက်စာ အာဟာရဒါကျွေးမွေးလှူဒါန်းခဲ့သေးတယ်လို့ သိရပါတယ်။

(၇)ရက်သားသမီးအပေါင်း စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာစွာဖြင့် ရောဂါကပ်ဘေး မှအမြန်ဆုံး လွတ်မြောက်၍ ပျော်ရွှင်စရာနေ့သစ်များကို ပိုင်ဆိုင်နိုင်ကြပါစေလို့လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှဆုတောင်းမေတ္တာပို့သထားပါတယ်။

ZAWGYI



