အိမ်နီးချင်းမှ မတရားအဓမ္မပြုကျင့်ခံခဲ့ရတဲ့ ကျောင်းသူလေးအတွက် ငွေလှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင်ခိုင်နှင်းဝေကတော့ ကိုယ်ကျိုးကိုမငဲ့ကွက်ဘဲ အများအကျိုးအတွက် ရှေ့ဆုံးကနေ စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးနေပြီး ခိုကိုးရာမဲ့ ကလေးငယ်တွေကို မိခင်အရင်းသဖွယ် ပြုစုစောင့်ရှောက်နေခဲ့တာ ပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာပါနော်။

ခိုင်နှင်းဝေကတော့ မတရားအဓမ္မပြုကျင့်ခံခဲ့ရတဲ့ ရွှေပေါက္ကံ မြို့သစ်ရှိ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အသက် (၁၁) နှစ်အရွယ်ကျောင်းသူလေးရဲ့ ကျန်းမာရေး၊ လူမှုရေးနဲ့ ပညာရေးတို့ကို စောင့်ရှောက်ပေးဖို့နဲ့ သွားရောက်ကူညီခဲ့တယ်လို့ ပြောပါတယ်။

ခိုင်နှင်းဝေက “အိမ်နီးချင်းမှ မတရားပြုကျင့်ခံရတဲ့ အသက် (၁၁)နှစ် အရွယ် (၂)တန်းကျောင်းသူ သမီးလေးရဲ့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးများ တာဝန်ယူစောင့်ရှောက်ပေးဖို့ သွားဖြစ်ခဲ့ပါတယ်..အကူအညီတောင်းခံသော သမီးလေးအတွက် ငွေကျပ် (၁၀)သိန်းလှူပေးခဲ့ပြီး လိုအပ်တာများ စီစဉ်ပေးခဲ့ပါတယ်ရှင်….” ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

ZAWGYI


