ပြည်ထောင်စုနေ့ဂုဏ်ပြုသောအားဖြင့်( BE.FALLS) တွင် Sky Cable Car ပြေးဆွဲ

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (BE.FALLS) တွင် Sky Cable Car စတင်ဖွင့်လှစ်ပြေးဆွဲခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်-လားရှိုး ကားလမ်းမကြီးအနီးရှိ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (BE.FALLS)အား နိုင်ငံတကာအဆင့်မီ အပန်းဖြေစခန်းတစ်ခုအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကိုဆောင်ရွက်ခဲ့ကာ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလက စတင်ဖွင့်လှစ်ခဲ့ပြီး အေးချမ်းပျော်ရွှင်စွာ လာရောက်လေ့လာ အပန်းဖြေအနားယူသူများဖြင့် နေ့စဉ် စည်ကား လျက်ရှိတယ်လို့သိရပါတယ်။

ZAWGYI

(၇၆)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ကို ႀကိဳဆိုဂုဏ္ျပဳေသာအားျဖင့္ မႏၲေလးတိုင္း ေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕ရွိ ပြဲေကာက္ေရတံခြန္ အပန္းေျဖစခန္း (BE.FALLS) တြင္ Sky Cable Car စတင္ဖြင့္လွစ္ေျပးဆြဲခဲ့ေၾကာင္း သိရသည္။

ျပင္ဦးလြင္-လားရႈိး ကားလမ္းမႀကီးအနီးရွိ ပြဲေကာက္ေရတံခြန္ အပန္းေျဖစခန္း (BE.FALLS)အား ႏိုင္ငံတကာအဆင့္မီ အပန္းေျဖစခန္းတစ္ခုအျဖစ္ အဆင့္ျမႇင့္တင္ျခင္း လုပ္ငန္းမ်ားကိုေဆာင္႐ြက္ခဲ့ကာ ၂၀၂၁ခုႏွစ္၊ ဒီဇင္ဘာလက စတင္ဖြင့္လွစ္ခဲ့ၿပီး ေအးခ်မ္းေပ်ာ္႐ႊင္စြာ လာေရာက္ေလ့လာ အပန္းေျဖအနားယူသူမ်ားျဖင့္ ေန႔စဥ္ စည္ကား လ်က္ရွိတယ္လို႔သိရပါတယ္။