ပဲပြားအစာသွတ်လုပ်စားကြမယ်🤤


အကုန်ကျလည်းသက်သာသန့်သန့်ရှင်းရှင်းလည်းစားရ😋အပျင်းလည်းပြေလုပ်ရတာလည်း လွယ်ကူ👨‍🍳 waiting time 15min😁

ပြုလုပ်နည်း 👨‍🍳👨‍🍳👨‍🍳

ပဲပြားတစ်တွဲ 400
ပဲပြားလေးတွေကို ပုံပါအတိုင်း ပိုင်းပြီးကျော်ပါ။

သခွားသီး ခြစ်ထားပါ။

ဂေါ်ဖီပါးပါးခြစ်ထားပါ။

ရှောက်ရွက်ပါးပါးလှီးမယ်။

ငြုပ်သီးစိမ်းလှီးမယ်။

ငံပြာရည် ၊ ဟင်းခါတ်မုန်.

သံပုရာသီးညစ်ထည့်ပါ။ .ပြီးရင် သမအောင်နယ်ပါမယ်။

ပုဇွန်ခြောက်မုန်ပါထည့်။ (ကြိုက်ရင်)
ပြီးရင် အစာကို ပဲပြားထဲထည့်လိုရပါပီ။

ကြက်သွန်ကြော် ဆီချက်လေးဖြန်ပါ။
အချည်ရည်ငံပြာရည်ဖြန်းပြီးစားနိုင်ပါပြီ။

ဘာကျန်သေးလည်းခုဆိုစားလိုတော့အရမ်းကောင်းနေပါပြီ။
🤤🤤🤤🤤🤤လုပ်စားကြည့်နော်🤗