တန် ၅၀၀ဆန့် ငါးပုစွန် အအေးခန်းစက်ရုံတည်ဆောက်ဖို့ ငါးလုပ်ငန်းဦးစီးဌာနက တင်ဒါခေါ်ထား

ငါးလုပ်ငန်းဦးစီးဌာနကနေ တန် ၅၀၀ဆန့် ငါးပုစွန် အအေးခန်းစက်ရုံတည်ဆောက်ပြီး ဌာနပိုင်မြေနေရာနဲ့ ဆက်စပ် စက်ပစ္စည်းတွေကို ငှားရမ်းလုပ်ကိုင်ခွင့်ပြုတော့မယ်လို့ အသိပေးကြေညာထားပါတယ်။

အဆိုပါ လုပ်ငန်းဆောင်ရွက်မှုကို စိတ်ပါဝင်စားတဲ့ ငါးပုစွန် ပုဂ္ဂလိကလုပ်ငန်းရှင်တွေအနေနဲ့ ရန်ကုန်တိုင်း ၊ အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရပ်ကွက်က မြေတိုင်းအမှတ်၂/၂ပေါ်မှာ BOTစနစ်နဲ့ ငှားရမ်းပေးသွမယ်လို့ဆိုပါတယ်။

ငါးပုစွန် ထုတ်လုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်လိုတဲ့စိတ်ပါဝင်စားတဲ့လုပ်ငန်းရှင်ကုမ္ပဏီတွေအနေနဲ့တင်ဒါအဆိုပြုလွှာနဲ့စည်းကမ်းချက်တွေကို ဖောင်တင်ရန် တင်ဒါဖောင်ပုံစံတစ်စုံကို ငွေကျပ်၁သောင်း နှုန်းနဲ့နေပြည်တော်က ငါးလုပ်ငန်းဦးစီးဌာနစီမံရေးရာဌာနမှာ စုံစမ်းဝယ်ယူနိုင်မယ်လို့သိရပါတယ်။