မိုးဗြဲရှိ တာဝါတိုင် ၂ တိုင်အားအကြမ်းဖက်သမားများမှ ဖောက်ခွဲဖျက်ဆီးခံရ

ဖေဖော်ဝါရီ ၈ ရက်နေ့တွင် PDF အကြမ်းဖက်သမားများသည်
မိုးဗြဲမြို့နယ်နှင့် ဖယ်ခုံမြို့နယ်ကြားတွင် ရှိသည့် တာဝါတိုင် (၂) တိုင်ကို
ထပ်မံဖောက်ခွဲဖျက်ဆီးခဲ့ရာ ယခုအကြိမ်အပါအဝင် စုစုပေါင်း (၁၀) ကြိမ်နဲ့
တာဝါတိုင်ပေါင်း (၂၆) တိုင် ဖျက်ဆီးခဲ့ပါတယ်။

၎င်းအပြင်လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့်
ဓာတ်အားခွဲရုံများကို ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြိမ်အရေအတွက်မှာလည်း
(၂၂၁) ကြိမ် ရှိပြီဖြစ်ပါတယ်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကလည်း လုံခြုံရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး
ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ​ကြောင်း သိရှိရပါတယ်…..