ရန်ကုန် – မန္တလေးလမ်းဟောင်းရှိ တံတားတစ်စင်းအား PDF အကြမ်းဖက်များ မိုင်းခွဲဖျက်ဆီး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့ နယ် ရန်ကုန် – မန္တလေးလမ်းဟောင်းရှိ တံတားတစ်စင်းအား ယမန်နေ့(ဖေဖော်ဝါရီ ၉)မွန်းလွဲပိုင်းတွင် PDF အကြမ်းဖက်များ မိုင်းခွဲဖျက်ဆီး လိုက်ကြောင်း သိရှိရသည်။

အရှည်ပေ ၆၀ရှိသည့် အဆိုပါတံတားအား ညောင်လေးပင်မြို့နယ်(ပ.က.ဖ)နှင့် ကျောက် တံခါးမြို့နယ် (ပ.က.ဖ)ဟု အ မည်ပေးထားသော PDF အ ကြမ်းဖက်များက  မိုင်းခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ မိုင်းခွဲဖျက်ဆီးမှုကြောင့် တံတားတစ်ခြမ်းကျိုးပဲ့ပျက်စီးသွားကြောင်း သိရသည်။

ZAWGYI

