နိုင်ငံရေးပါတီများ ပါတီမှတ်ပုံတင်လျှောက်နေကြပြီဖြစ်ကြောင်း သိရှိရ


နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ ( MPD ) က ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ဖေဖော်ဝါရီလ ၈ ရက်တွင်လည်းကောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ နိုင်ငံရေးပါတီ တည်ထောင်လိုသော ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီက ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို ဖေဖော်ဝါရီလ ၇ ရက်တွင်လည်းကောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ က ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ဖေဖော်ဝါရီလ ၁ ရက်တွင်လည်းကောင်း လာရောက်လျှောက်ထားကြကြောင်း UEC ၏ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

crd;