ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ရောက်ရှိသွားတဲ့ရီးရဲလ်

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရီးရဲလ်အနေနဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ အီဂျစ်ကလပ်

အယ်အာလီ ကို လေးဂိုးတစ်ဂိုးဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။
ဖီဖာကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုကို ၄ ကြိမ် ရရှိထားတဲ့ ရီးရဲလ်အနေနဲ့ ဗိုလ်လုပွဲမှာဘရားဇီးနာမည်ကြီးကလပ်အသင်းတသင်းဖြစ်တဲ့ ဖလာမင်ဂိုအသင်းကို အနိင်ရရှိကာဗိုလ်လုပွဲကိုတက်လှမ်းလာတဲ့ အာရှတိုက်ကိုယ်စားပြုတဲ့ ဆော်ဒီကလပ် အယ်ဟာလယ်လ်နဲ့ ကစားရမှာဖြစ်တာကြောင့် ချန်ပီယံဖြစ်ဖို့ အခွင့်အရေးပိုများနေတယ်လို့လည်း ဖော်ပြခံရပါတယ်။ ဗိုလ်လုပွဲကိုတော့ လာမယ့်စနေနေ့မှာ ယှဉ်ပြိုင်ကစားမှာပဲ ဖြစ်ပါတယ်။ ရီးရဲလ်အနေနဲ့ ၅ ကြိမ်မြောက်ရရှိသွားနိင်မလား ဆိုတာတော့ စောင့်မျှော်ကြည့်ရှု့လိုက်ရအောင်နော်….