ပြည်ပရင်းနှီးမြှုပ်နှံသူတွေထဲ တရုတ်ကိုကျော်ပြီး စင်ကာပူထိပ်ဆုံးက ဆက်ရပ်တည်

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလကုန်ထိ ၁၀လအတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ တရုတ်လုပ်ငန်းအများစုကို ကျော်လွန်ပြီး စင်ကာပူလုပ်ငန်းတွေက အများဆုံးရင်းနှီးမြှုပ်နှံလာကြတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

၁၀ လအတွင်း မြန်မာနိုင်ငံအတွင်းဝင်ရောက်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ ၁၄၇၆ သန်းကျော်ရှိပြီး စင်ကာပူက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၁၅၇ သန်းကျော်နဲ့ အများဆုံး ဝင်ရောက်ထားတယ်လို့ ဆိုပါတယ်။