မနေ့ ညနေပိုင်းက ရန်ကုန် ဒလ သင်္ဘောကျင်းအနီး သင်္ဘော မီးလောင်

ဖေဖော်ဝါရီ ၈ရက်နေ့ ညနေ့ ၅ နာရီ ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ဒလသင်္ဘောကျင်းအနီးတွင် သင်္ဘောမီးလောင်မှုဖြစ်ပွါးခဲ့တာပါ။ အဆိုပါ မီးလောင်မှုကို ဒလမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး ထွက်ခွါငြှိမ်းသတ်မှု ကြောင့် ၅ နာရီ ၂၁ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ ဆိုပါတယ်။