ပင်လယ်ထဲမှာ မျောပါလာတဲ့ ကိုကင်း ၃ တန်ကို နယူးဇီလန် အာဏာပိုင်များ တွေ့ရှိ

နယူးဇီလန်အာဏာပိုင်များဟာ အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ကျော် တန်ဖိုးရှိတဲ့ ကိုကင်း ၃.၂ တန်ကို ပစိဖိတ် သမုဒ္ဒရာအတွင်း မျောပါလျက်တွေ့ရှိခဲ့ပြီး သြစတြေးလျသို့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

နယူးဇီလန် အကောက်ခွန်ဝန်ဆောင်မှု နဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ရဲ့ ပူးပေါင်းစစ်ဆင်ရေးအတွင်း တွေ့ရှိခဲ့တာဖြစ်ပြီး သြစတြေးလျ အပါအဝင် Five Eyes မဟာမိတ်အဖွဲ့မှ ထောက်လှမ်းရေးတပ်ဖွဲ့ နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့က ဆယ်ယူခဲ့တယ်လို့ သိရပါတယ်။

“ဒါဟာ နယူးဇီလန်အေဂျင်စီတွေရဲ့အတိုင်းအတာတစ်ခုအထိအတွင်း အကြီးဆုံး တရားမဝင်မူးယစ်ဆေးဝါး ရှာဖွေ တွေ့ရှိမှုပါပဲ” လို့ နယူးဇီလန်ရဲတပ်ဖွဲ့ ကော်မရှင်နာ အင်ဒရူး ကော့စတာက ပြောကြားခဲ့ပါတယ်။

မူးယစ်ဆေးဝါးတွေကို ပစိဖိတ်သမုဒ္ဒရာရှိ “ရေပေါ်အကူးအပြောင်းနေရာ” မှာ သိမ်းဆည်းခဲ့ပြီး သြစတြေးလျသို့ ပြန်ပို့မယ်လို့ တာဝန်ရှိသူတွေက ယုံကြည်ထားပါတယ်။ “ဒါဟာ နယူးဇီလန်မှာ အနှစ် ၃ဝ သုံးတာထက် ပိုပါတယ်” လို့ ကော့စတာ က ပြောကြားကာ နယူးဇီလန်နဲ့ သြစတြေးလျနှစ်နိုင်ငံရှိ ရဲတပ်ဖွဲ့များအတွက် “ကြီးမားသော တွေ့ရှိမှုရလဒ်” ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ရဲတပ်ဖွဲ့မှ ဖော်ပြထားတဲ့ ဓာတ်ပုံတစ်ပုံမှာ ပင်လယ်ရေထဲ မျောလာ နေတဲ့ အဝါရောင်ပိုက်ကွန်များနဲ့ ဖုံးအုပ်ထားတဲ့ ဧရာမ အဆိုင်အခဲကြီးတစ်ခုကိုတွေ့ရပြီး၊ နောက်တစ်ပုံမှာတော့ အဝါရောင်စက္ကူများနဲ့ ဖုံးအုပ်ထားတဲ့ ကိုကင်းထုပ်တွေကို တွေ့ရှိရပါတယ်။

အဆိုပါမူးယစ်ဆေးဝါးတွေ ဘယ်ကနေ မျောပါလာတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

(ရောင်နီ (NP News) မှ ကူးယူဖော်ပြသည်။)