အရာရှိ/စစ်သည်/မိသားစုဝင်များအတွက် TikTokပြိုင်ပွဲ ကျင်းပပြုလုပ်ခြင်းအား ၁၃-၂-၂၀၂၃ ရက်မှ ၁၇-၂-၂၀၂၃ ရက်ထိ ကျင်းပသွားမှာဖြစ်ပါတယ်

“တပ်တွင်းစည်းလုံးညီညွတ်ရေးနှင့်ပတ်သတ်၍ လှုပ်ရှားမှုများ” ကို Tiktok တွင် သရုပ်ဖော်ပြိုင်ပွဲအစီအစဉ် ပြုလုပ်သွားမည်ဖြစ်၍ အရာရှိ/စစ်သည် မိသားစုဝင်များ ပါဝင်နိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်…….
အဆိုပါပြိုင်ပွဲအစီအစဉ်တွင် တပ်တွင်းစည်းလုံးညီညွတ်ရေးအတွက် တစ်ဦးချင်း (သို့) အစုအဖွဲ့ဖြင့်ဖြစ်စေ၊ ဓာတ်ပုံများဖြင့်ဖြစ်စေ မိမိကြိုက်နှစ်သက်သည့် ဟာသ၊ အတည်အတန့်၊ စကားပြော၊ တေးသီချင်းများဖြင့် လွတ်လပ်စွာသရုပ်ဖော်၍ ဖန်တီး တင်ဆက်နိုင်ပါသည်။
အမှတ်ပေးစည်းမျဉ်းများအား အောက်ပါအတိုင်း သတ်မှတ်ထားပါသည်-

• နောက်ခံသီချင်းနှင့် သရုပ်ဖော်မှု ကိုက်ညီမှုရှိခြင်း။ (၁၀) မှတ်
• ပရိတ်သတ်အပေါ် စွဲဆောင်နိုင်မှုရှိခြင်း။ (၁၀) မှတ်
• Tiktok တွင် မိမိတင်ဆက်ထားသည့် video မှာ Like, View, Comment, Share အများအပြားရရှိမှုရှိခြင်း။ (၁၀) မှတ်
• ထိုနည်းတူ Facebook ပေါ်တွင်လည်း Like, Share အများအပြားရရှိမှု ရှိခြင်း။ (၁၀) မှတ်
• Video Link များကို အချိန်မှီပေးပို့နိုင်မှုရှိခြင်း။ (၁၀) မှတ်

စုစုပေါင်းပေးမှတ်မှာ အမှတ် (၅၀) မှတ်ဖြစ်ပြီး အထက်ပါအချက်များပေါ်တွင် မူတည်၍ အကဲဖြတ်အမှတ်ပေးသွားမည်ဖြစ်ပါသည်။
အကောင်းဆုံးသရုပ်ဖော်နိုင်သည့် Tiktok Video ကို ……
*** ပထမဆုအနေဖြင့် ငွေကျပ် ၁ သိန်း
*** ဒုတိယဆုအနေဖြင့် ငွေကျပ် ၅ သောင်း ချီးမြှင့်သွားပါမည်။

ပြိုင်ပွဲဝင်များသည်-
• အရာရှိ/စစ်သည်များဖြစ်ပါက ကိုယ်ပိုင်အမှတ်၊ အဆင့်၊ အမည်၊ တပ်လိပ်စာ၊ ဖုန်းနံပါတ်များအားလည်းကောင်း……
• မိသားစုဝင်များဖြစ်ပါက မိမိ၏အမည်၊ အရာရှိ/စစ်သည်များနှင့် တော်စပ်ပုံ၊ တပ်လိပ်စာ၊ ဖုန်းနံပါတ်များအားလည်းကောင်း အောက်ဖော်ပြပါ ဖုန်းနံပါတ် သို့ Video Link များနှင့်အတူ ပေးပို့ရပါမည်။

တပ်မတော်မိသားစုဝင်များ၏ ပြိုင်ပွဲဝင် Tiktok များကို ၁၃-၂-၂၀၂၃ ရက်နေ့မှစတင်၍ Tiktok နှင့် Facebook ပေါ်တွင် လွှင့်တင်ထားသည့် Video Link များကို ၁၇-၂-၂၀၂၃ ရက်နေ့၊ နေ့လည် ၁၂ နာရီထက်နောက်မကျဘဲ ၀၉-၆၉၆၃၇၇၃၈၇ ၏ viber သို့ ပေးပို့သွားရမည်ဖြစ်ပါသည်။